ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ အမေရိကန် နဲ့ အိန္ဒိယ တောင်းဆို
မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-06-23 -
-
-
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ကို အိမ်ဖြူတော်တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
AFP
Update : 8:55 PM 06/23/2023
မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထိရောက်တဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ နိုင်ငံ့ခေါင်းဆောင် နှစ်ဦးက တောင်းဆိုကြောင်းလည်း အိမ်ဖြူတော်က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥပဒေမဲ့ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေက ထည့်သွင်းတောင်းဆိုထားပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် နဲ့ ဝန်ကြီးချုပ် မိုဒီတို့ ဇွန်လ ၂၂ ရက် ကြာသပတေးနေ့က ဝါရှင်တန်ဒီစီက သမ္မတအိမ်တော်မှာ တွေ့ဆုံပြီးနောက်မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။