အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံခရီး စတင်

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် သောကြာနေ့က စတင်လိုက်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့  မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် သောကြာနေ့က စတင်လိုက်ပါတယ်။

သမ္မတ ကာတာဟာ နီပေါနိုင်ငံကတဆင့် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး၊ နိုင်ငံရေးအသွင်ကူပြောင်းနေတဲ့ မြန်မာနဲ့ နီပေါနိုင်ငံတွေမှာ ဒီမိုကရေစီလမ်းများ ပေါ်ထွန်းလာရေးကို အားပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီကာတာဟာ မြန်မာနိုင်ငံကို ဧပြီလဆန်းမှာ ရောက်ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ  နိုင်ငံရေးခေါင်းဆောင်များ၊ လူမူရေးအဖွဲ့ NGO များအပြင် နိုင်ငံမှာပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ တချိန်ကစစ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

သမ္မတကာတာ မြန်မာနိင်ငံကိုလာရောက်ချိန်မှာ မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့နွယ်ပြီး အကြမ်းဖက်မူတွေ ဖြစ်ပေါ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာက စိုးရိမ်မကင်းဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။

သမ္မတရာထူးက အနားယူခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး သမ္မတဟောင်း ဂျင်မီကာတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၀၂ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org