အမေရိကန်လွှတ်တော်အမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး

အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်း ပြောဆိုဆွေးနွေးရာမှာ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။ senate (photo)

"ဆွေးနွေးတဲ့ အကြောင်းအရာက ၃ ခုပဲတဲ့။ တစ်ခုက မြန်မာနဲ့ အမေရိကန် ချစ်ကြည်စွာ ဆက်ဆံရေး အခု တိုးတက်လာတဲ့ကိစ္စ၊ ပိုမိုပြီးတော့ တိုးတက်ဖို့၊ နောက်မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ပိုမို အရှိန်အဟုန်နဲ့ တိုးတက်လာစေဖို့၊ ပြည်သူလူထုရဲ့ ဘဝများ တိုးတက်ဖွံ့ဖြိုး သာယာလာဖို့ အဲဒီခေါင်းစဉ်တွေနဲ့ ဆွေးနွေး ဖြစ်ကြတယ်တဲ့။ ကျွန်တော်တို့ ပြန်ပြောရရင် ဒီကိစ္စတွေက ဟိုတနေ့ကတုန်းက ဒေါ်နန်းဝါနုတို့တင်တဲ့ အဲဒီအဆိုတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော်ကတော့ အဲဒီလို ယုံကြည်တယ်။ အဲဒါဆိုရင်တော့ အလားအလာကောင်းတွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်တော်ကတော့ အဲတာလေး ပြောချင်တယ်"

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် အခြေစိုက် Atlantic Council အဖွဲ့က ချီးမြှင့်တဲ့ ကမ္ဘာ့နိုင်ငံသားဆု “Global Citizen Award” ကို လက်ခံ ရယူဖို့အတွက် လာမဲ့ စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။

ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက် နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ကြောင်း၊ Atlantic Council အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆုရှင်တစ်ဦးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အမှုဆောင် ညွှန်ကြားရေးမှူး Christine Lagarde က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့  နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Henry Kissinger ၊ အမေရိကန် ဂီတပညာရှင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ Quincy Jones တို့လည်း ဒီဆု ချီးမြှင့်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org