မြန်မာဒုက္ခသည်တွေကို အမေရိကန်ခေါ်ယူမှု ရပ်ဆိုင်း

ထိုင်း-မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန် လည်နေရာချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စုက ခေါ်ယူနေတာကို ရပ်ဆိုင်း လိုက်ပြီလို့ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက် ပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းတွင်းရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ဆန္ဒပြနေစဉ် Photo sent by RFA listener

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စု က ခေါ်ယူနေတာကို ရပ်ဆိုင်းလိုက်ပြီလို့ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့် ရဖို့လျှောက်လွှာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က နောက်ဆုံးထားလက်ခံပြီးတဲ့နောက် ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၅ ခုနှစ်ကနေစပြီး မြန်မာဒုက္ခသည် ၇ သောင်း ၃ ထောင် လက်ခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာဌာန လက်ထောက်အတွင်းရေးမှူး Anne Richard က ပြောပါတယ်။

နောက်ထပ် ဒုက္ခသည် ၂ သောင်းလောက်ကိုတော့ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်နဲ့ဂျပန်နိုင်ငံတွေကို ၉ နှစ်အတွင်း ပို့ပေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းပေါင်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၂ သောင်းလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org