မြန်မာ့အရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ အမေရိကန် စေလွှတ်မည်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတွက်၊ အဖွဲ့တစ်ဖွဲ့ကို အမေရိကန်ပြည် ထောင်စုက ထိုင်း၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှေ့လာမယ့် သီတင်းပတ်မှာ စေလွှတ်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မူဝါဒဆိုင်ရာ အကြံပေး အတိုင်ပင်ခံ Derek Cholletကို ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: AFP

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင် ဖို့ အတွက်၊ အဖွဲ့တစ်ဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ထိုင်း၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှေ့လာမယ့် သီတင်းပတ်မှာ စေလွှတ်မယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မူဝါဒဆိုင်ရာ အကြံပေး အတိုင်ပင်ခံ Derek Chollet က ဦးဆောင်မှာဖြစ်ပါတယ်။ ခရီးစဉ်အပြန်မှာ ဂျပန်နိုင်ငံကို ဝင်ရောက်ပြီး၊ မြန်မာနိုင်ငံအရေးနဲ့ အင်ဒို ပစိဖိတ်ဒေသဆိုင်ရာ ပြဿနာတွေ ဆွေးနွေးမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမေရိကန် အရာရှိတွေအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ပြီး၊ ဒေသတွင်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org