ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေါ်လာ သန်း ၁၅ဝကျော် အမေရိကန် ကူညီမည်

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ကြုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ၂ဝ၂၁ခုနှစ် အစီအစဉ်တရပ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၅သန်းနီးပါး ကူညီမှု အသစ်တွေပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့ကပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်။ Photo: AFP

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ကြုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ၂ဝ၂၁ခုနှစ် အစီအစဉ်တရပ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၅သန်းနီးပါး ကူညီမှု အသစ်တွေပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့ကပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရော၊ မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွာနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရော ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက်ပါ ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းလောက်အတွက် လက်ငင်း လိုအပ်နေတဲ့ အကူအညီတွေကို ပေးသွားဖို့ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းပြီးကူညီကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတယ်လို့ဆိုပါတယ်။

ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း အသိအမှတ်ပြုကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ဦးစားပေးတဲ့ ဒေသတွင်း နိုင်ငံအားလုံးကိုလည်း အမေရိကန်က ဆက်ပြီး ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်နို င်ငံခြားရေးဝန်ကြီးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org