မြန်မာပြည်သူတွေ နေ့သစ်ရောက် ပြီလို့ အမေရိကန် ကော်မရှင်ပြော

မြန်မာ့နှစ်သစ်ကူး အခါသမယ မှာ မြန်မာနိုင်ငံသားအားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြဖို့ USCIRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ဆုမွန်ကောင်းတောင်းလိုက်ပြီး၊ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ကာကွယ်စောင့်ရှောက်မှုနဲ့ နှစ်သစ်ကို စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၂ဝ၁၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က မြန်မာ့နှစ်သစ်ကူး သြင်္ကန်အကြတ်ပထမနေ့မှာ ပြည်လမ်းမပေါ်က မဏ္ဍပ်တစ်ခုကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြဖို့ USCIRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ဆုမွန်ကောင်းတောင်း လိုက်ပြီး၊ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကာကွယ်စောင့်ရှောက်မှု နဲ့ နှစ်သစ်ကို စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့တိုင်းပြည်၊ သူတို့ရဲ့မိသားစုတွေနဲ့ သူတို့ကိုယ်တိုင်လွတ်မြောက်ကြဖို့ ဘဝတလျှောက်လုံး ရုန်းကန်ခဲ့ကြရပါတယ်၊ အခုတော့ နေ့သစ်ကို ရောက်ရှိခဲ့ကြပါတယ်။ သမ္မတ ဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဦးဆောင်မှုအောက်မှာ၊ အစိုးရအနေနဲ့ ပြည်သူအားလုံးအတွက် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်၊ အဲ့ဒီလို ဆောင်ရွက်ဖို့ အတွက် နှစ်သစ်ကူး သြင်္ကန်ပွဲတော် အခါသမယဟာ အစိုးရသစ်အတွက် မင်္ဂလာရှိတဲ့ အချိန်ဖြစ်ပါတယ် လို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org