USD Tether ဒစ်ဂျစ်တယ်ငွေကြေး မြန်မာပြည်တွင်း သုံးခွင့်ပြုကြောင်း NUG ကြေညာ
USD Tether လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို မြန်မာနိုင်ငံအတွင်း တရားဝင် သုံးစွဲမှုကို ခွင့်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
- 2021-12-12
-
-
-
USD Tether ဒစ်ဂျစ်တယ်ငွေကြေး လိုဂိုကို တွေ့ရစဉ်
Photo: Google
USD Tether လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို မြန်မာနိုင်ငံအတွင်း တရားဝင်သုံးစွဲမှုကို ခွင့်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ပါ တယ်။
မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှု၊ ဝန်ဆောင်မှုနဲ့ ငွေပေးချေမှု စနစ်တွေ ပိုကောင်းပြီး လွယ်ကူလျင်မြန် ရအောင် USD Tether ဒစ်ဂျစ်တယ်ငွေကြေးကို သုံးစွဲရေးခွင့်ပြုခဲ့တာလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ရဲ့ အမိန့်နဲ့ ကြေညာခဲ့တာပါ။ ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲမှုက မြန်မာ့ဘဏ္ဍာရေးစနစ်မှာ မရှိသေးတာကြောင့် ဒီငွေကြေးကို မြန်မာပြည်သူတွေ ဘယ်လိုသုံးကြမလဲ စစ်ကောင်စီဘက်ကရော ဘယ်လို တုံ့ပြန်မလဲဆိုတာ မသိရသေးပါဘူး။
မကြာခင်တုန်းကလည်း ငွေတိုက်စာချုပ်တွေကို NUG အစိုးရက ထုတ်ရောင်းခဲ့တာကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ဝယ်ယူအားပေးကြတယ်လို့ ဆိုပါတယ်။