ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောဆို

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် ကာလမှာ တွေ့ဆုံဖို့ ဆောင်ရွက်နေကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သြဂုတ်လ ၅ ရက်နေ့က ကုန်သည်ကြီးများအသင်း အဆောက်အဦ မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သတင်းထောက်တွေ ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရှိသူ ဦးအုန်းကြိုင်ကို မေးကြည့်တဲ့အခါမှာ

“အခုထိတော့ ဒီကိစ္စ ကျနော်တို့ ဘာမှ မသိသေးပါဘူး။ ဘာအကြောင်းစာမှ မရသေးပါဘူး။ ”

ဒါဟာ ကောင်းတဲ့အလားအလာတရပ်လို့ ရှုမြင်သူတွေ ရှိပေမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှုလို့ ယူဆသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ သတင်းထောက်တွေကို အခုရက်ပိုင်းတွေမှာ နယ်ခရီးစဉ်တွေကို ခေါ်သွားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org