၂၀၂၀ မှာ အနိုင်ရရင် အများဆုံးနိုင်တဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်ကို ဝန်ကြီးချုပ် ခန့်အပ်မည်

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အများဆုံးအနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမယ်လို့ ကချင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မှ ပြည်နယ်အဆင့် ပြောရေးဆိုခွင့်ရှိသူတွေနဲ့ သတင်းမီဒီယာ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉၊ မေ ၁၅ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပစဉ် Photo: Elizabeth/ RFA

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အများဆုံးအနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမယ်လို့ ကချင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ပြည်နယ်အဆင့် ပြောရေးဆိုခွင့်ရှိသူတွေနဲ့ သတင်းမီဒီယာ တွေ့ဆုံမိတ်ဆက်ရာမှာ ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက ပြောခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ မှာ ဘယ်လိုပြဌာန်းထားပါစေ၊ ဖက်ဒရယ်စနစ်ကို ဦးစားပေးမယ်ဆိုရင် ပြည်နယ်တစ်ခုမှာ အများဆုံးအနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီတွေ အလိုရှိတဲ့၊ အဆိုပြုတဲ့ပုဂ္ဂိုလ်ကိုသာ ဝန်ကြီးချုပ် တာဝန်ပေးသင့်တယ်လို့လည်း ဦးစိုးသိန်း ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းရင်းသားအရေးကို ဦးစားပေးလုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခုလိုပြောဆိုတာဟာ ပြည်နယ်ရဲ့သဘောထား မဟုတ်ဘဲ ဗဟိုပါတီရဲ့သဘောထားလည်း ဖြစ်တယ်လို့သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org