အစိုးရဖွဲ့နိုင်ဖို့အထိ ရွေးကောက်ပွဲနိုင်ဖို့ USDP ရည်မှန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရဖို့ ရည်မှန်း ထားကြောင်းနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ကို နေပြည်တော် USDP ရုံးချုပ်မှာ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့ကကျင်းပတဲ့ အောင်နိုင်ရေး အလံတင် အခမ်းအနားမှာ တွေ့ရစဉ် Photo: Thet Su Aung/RFA

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရဖို့ ရည်မှန်းထားကြောင်းနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က USDP ပါတီဌာနချုပ်ရုံးမှာကျင်းပတဲ့ အောင်နိုင်ရေး အလံတင် အခမ်းအနားမှာ ပြောလိုက် တာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ USDP ဟာ မျှော်မှန်းထားတာထက် အောင်မြင်မှုက နည်းခဲ့ပြီး၂၀၂၀ ရွေးကောက် ပွဲမှာ ပါတီဥက္ကဋ္ဌဖြစ်တဲ့ သူကိုယ်တိုင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရှေ့တန်းကနေ ပါဝင်ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဦးသန်းဌေးဟာ သူ့ရဲ့ဇာတိ ဖြစ်တဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ကနေ ရွေးကောက်ပွဲမဝင်ဘဲ နေပြည်တော် ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်သွားမှာဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်ဟာ ၂၀၁၅ မှာ USDP က ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့မြို့နယ်ဖြစ်ပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မဲဆန္ဒနယ် ၁၀ နေရာရှိပြီး ပြည်သူ့လွှတ်တော်အတွက် ရှစ်နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် နှစ်နေရာရှိပါတယ်။ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ USDP က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုနယ်မြေက မဲဆန္ဒနယ် ၁၀ ခုမှာ တပ်မတော်သား မိသားစုဝင်တွေများတဲ့ ဇေယျာသီရိ မဲဆန္ဒနယ် တစ်နေရာမှာသာ USDP အောင်နိုင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org