ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၈ဝ ရာခိုင်နှုန်း အထိ နိုင်ချေရှိကြောင်း ဦးဌေးဦးပြော


2015.11.06
htayoo-usdp-620.jpg နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့မှာ အောက်တိုဘာလ ၁ဝ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို တွေ့ရစဉ်
Photo: Win Ko KO latt/RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ၆၅ ရာခိုင်နှုန်း ကနေ ၈ဝ ရာခိုင်နှုန်းအထိ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းကြောင်း ပါတီရဲ့ပူးတွဲ ဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရွေးကောက် ပွဲအတွက် နောက်ဆုံးမဲဆွယ် ခွင့်ပြုတဲ့နေ့မှာ ဟင်္သာတမြို့ကို ရောက်ရှိနေတဲ့ ဦးဌေးဦးကို RFA က ဆက်သွယ် မေးမြန်းစဉ်သူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ကတော့ ၈ဝ ရာခိုင်နှုန်းလို့ ကျနော်တို့ခန့်မှန်းတယ်၊ ကျနော့်အနေနဲ့ကတော့ တချို့လည်း ၈ဝ ရှိမှာပေါ့၊ တချို့လည်း ၈ဝ ထက်နည်းမှာပေါ့၊ ပျှမ်းမျှဆိုရင်တော့ ကျနော်တို့ ၆၅၊ ၇ဝနဲ့ ၈ဝ ကြားပတ်ဝန်းကျင်မှာတော့ ကျိန်းသေရှိမယ်လို့ ခန့်မှန်းလို့ရပါတယ်"

တဆက်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း သူရဦးရွှေမန်းပြောကြားတဲ့ စကားတွေနဲ့ ပတ်သက်ပြီး သဘောထား ကို မေးမြန်းရာမှာတော့ သူရဦးရွှေမန်းဟာ လက်ရှိ ဗဟိုကော်မတီဝင်မဟုတ်တော့ကြောင်း၊ သူပြောတဲ့ စကားတွေ ဟာ သူ့ရဲ့ ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း ဖြေကြားပါတယ်။

မဲစာရင်းတွေပိုနေတဲ့ ပြသနာနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ အဲဒီပြသနာကြီးကြီးမားမား မရှိကြောင်း ပြောပါတယ်။

ဦးဌေးဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုးဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။