မြန်မာ့ပညာရေး တိုးတက်ဖို့အတွက် အမေရိကန်တက္ကသိုလ်များ ကူညီမည်

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ခေတ်မီ တိုးတက်ရေးအတွက် အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် (၈) ခု က ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေကြရာမှာ အင်ဒီယားနား ပြည်နယ် က Ball State တက္ကသိုလ်ကလည်း (၉) ခုမြောက်တက္ကသိုလ်အဖြစ် ပါဝင်လာခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ရဲ့ မြန်မာပြည်ခရီးစဉ်အပြီးမှာ မြန်မာ့ပညာရးအတွက် Ball State တက္ကသိုလ်ကလည်း ပူးပေါင်းပါဝင် ကူညီမှာဖြစ်ကြောင်း နယူးယောက်အခြေစိုက် နိုင်ငံတကာ ပညာရေးဌာနက ကြေငြာခဲ့တာပါ။

မြန်မာ့ပညာရေးအတွက် ကူညီကြမယ့် အမေရိကန်တက္ကသိုလ်တွေထဲမှာ မက်ဆာချူးဆက် တက္ကသိုလ်၊ ဝါရှင်တန် တက္ကသိုလ်၊ အရီဇိုးနားပြည်နယ် တက္ကသိုလ် နဲ့ မြောက်အီလီနွိုင်း တက္ကသိုလ် စတဲ့ ထင်ရှားတဲ့ တက္ကသိုလ်တွေ ပါဝင်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org