စာရေးဆရာကြီး ဒဂုန်တာရာ ဈာပနအတွက် သမ္မတ ဦးသိန်းစိန် ငွေလှူ
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေ အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
-
2013-08-22 -
-
-
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အခုလို သမ္မတ ဦးသိန်းစိန် အလှူငွေပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဈာပနအခမ်းအနား ကော်မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်စိန်က RFA ကို အခုလိုပြောပါတယ်။
“နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူပါဝင်ထည့်မယ်လို့ ကျမတို့ဆီကို ညနေပိုင်း သတင်းရောက်လာပါတယ်၊ နောက်သိပ်မကြာခင်ပဲပေါ့ အောင်ပန်းမြို့က စည်ပင်သာယာ ဥက္ကဌနဲ့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရောက်လာပါတယ်၊ ရောက်လာပြီးတော့ နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူငွေနှစ်သိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကနေပြီးတော့ ၁ သိန်း လာရောက်ပေးအပ်သွားပါတယ်”
ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနားကို အောင်ပန်းမြို့မှာ မြန်မာနိုင်ငံနေရာအနှံ့က ကဗျာဆရာတွေ၊ စာရေးဆရာတွေက ဦးဆောင်ပြီး မနေ့ကကျင်းပခဲ့ပါတယ်။
အသက် ၉၅ နှစ်အရွယ် ဦးဌေးမြိုင် ခေါ် စာရေးဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။