ဟံသာဝတီ ဦးဝင်းတင် ဂုဏ်ပြုပွဲ နယ်မြို့တွေမှာပါ ကျင်းပမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ တစ်ပတ်တိတိ အလှူဒါနပြု လုပ်သွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ လွမ်းသူ့ပန်းခြင်းအား NLD ရုံးချုပ်မှာ ပြင်ဆင်ထားတာကို ၂ဝ၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ် photo: Win Naing/RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ တစ်ပတ်တိတိ အလှူဒါနပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပုသိမ်မြို့က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆရာကြီးကို ချစ်မြတ်နိုးသူတွေစုပေါင်းပြီး  ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး အလှူဒါနပြုလုပ်သွားမှာဖြစ်ကြောင်း ပုသိမ်မြို့ အခြေစိုက် အဖြူရောင်လူထု လှုပ်ရှားမှုအဖွဲ့က ကိုအောင်ဝေနိုင်က ပြောပါတယ်။

"တနင်္လာနေ့ကနေစပြီးတော့ တနင်္ဂနွေနေ့အထိ ၇ ရက်တိုင်တိုင်လုပ်မယ်၊ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီမှာပဲ ကျနော်တို့ တကောင်းဘုရား ဗုဒ္ဓဟူး ဂြိုဟ်တိုင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပေါ့နော်၊ အဘကလည်း ဗုဒ္ဓဟူးသားဆိုတော့ ဗုဒ္ဓဟူးဂြိုဟ်တိုင် မှာ ပန်းရေချမ်းကပ်မယ်ပေါ့"

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ဆရာဦးဝင်းတင်အတွက် ရည်စူးတဲ့ ဆုတောင်းပွဲကို ကျိုက်သုတ်ဘုရားမှာ ဒီနေ့ညနေက ပြုလုပ်ခဲ့ပါတယ်။

မနက်ဖြန် ညနေပိုင်းကစပြီး မန္တလေးမြို့တိုင်း မဟာအောင်မြေမြို့နယ် NLD ရုံးမှာ ဆရာဦးဝင်းတင် ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဆိုတာတွေအပြင် ဂုဏ်ပြုအလေးပြုသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ယုဒဿန်ရိပ်သာမှာလည်း ဆရာဦးဝင်းတင် ဂုဏ်ပြုပွဲ ဒုတိယနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ဆရာဦးဝင်းတင် ရေးသားခဲ့တဲ့ ကဗျာတွေကို ဖတ်ကြားခဲ့သလို ကဗျာဆရာတွေကလည်း သူတို့ကိုယ်တိုင် ရေးစပ်ထားတဲ့ ဂုဏ်ပြုကဗျာတွေကို ရွတ်ဖတ်ခဲ့ပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ရုပ်အလောင်းကို မနက်ဖြန်ညနေပိုင်းမှာ ရေဝေးသုသန်မှာ ဂူသွင်းသဂြိုလ်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့ ယုဒဿန်ရိပ်သာမှာ ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနား ကဗျာရွတ်ဖတ်ပွဲအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆရာကြီး ဦးဝင်းတင် မကွယ်လွန်မီ သီတင်းပတ်အနည်းငယ်အထိ RFA မှာ အပတ်စဉ် ထုတ်လွှင့်ခဲ့တဲ့ ခေတ်စကား အစီအစဉ်ထဲက ပြောကြားချက်တချို့ကို မခင်ခင်အိ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org