ရိုဟင်ဂျာကိစ္စ မြန်မာ ပူးပေါင်းခြင်းမရှိဟု ကုလကို ဘင်္ဂလားဒေ့ရှ် တင်ပြ
ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂကို မနေ့က တင်ပြလိုက်ပါတယ်။
-
2019-06-13 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahriar Alam နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres တို့ ၂၀၁၉ ဇွန် ၁၂ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံစဉ်
Photo: Mohammed Shahriar Alam's FB
ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂကို မနေ့က တင်ပြလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahriar Alam ရှာရီယာ အလန်မ် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် နဲ့ နယူးယောက်မြို့က တွေ့ဆုံပွဲမှာ အခုလိုပြော ကြားခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် သူက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ရေးအတွက် နည်းလမ်းအဆင့်ဆင့်ကိုလည်း ကုလ အတွင်းရေးမှူးချုပ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။