ငြိမ်းချမ်းရေးအတွက် စိတ်ရှည်သည်းခံကြဖို့ ဒုသမ္မတ တိုက်တွန်း

တစ်နိုင်ငံလုံးအနှံ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနိုင်ဖို့အတွက် အားလုံးက စိတ်ရှည်သည်းခံပြီး ကတိတည်ကြဖို့ လိုအပ်တယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် KNU၊ RCSS/SSA က တာဝန်ရှိသူများ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော် မှာတွေ့ဆုံခဲ့စဉ် photo: U Hla Maung Shwe Facebook

တစ်နိုင်ငံလုံးအနှံ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနိုင်ဖို့အတွက် အားလုံးက စိတ်ရှည်သည်းခံပြီး ကတိတည်ကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ ကေအန်ယူ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA က တာန်ရှိသူတွေ ဒီကနေ့ နေပြည်တော် ရထားပို့ဆောင်ရေးန်ကြီး ဌာနရုံးမှာ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း တင်ပြခွင့်ရခဲ့တယ်လို့ RCSS/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောပါတယ်။

အခုလောလောဆယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒုတိယအဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယဥက္ကဌတွေဖြစ်တဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးင်း၊ န်ကြီး ဦးအောင်မင်းအပြင် ကုလသမဂ္ဂ အတွင်ရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ နမ်ဘီးယားလည်း တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မဇင်မာင်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ RCSS/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကို RFA ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org