ကြံ့ခိုင်မှုမရှိတဲ့သင်္ဘော မသုံးဖို့ ဒုတိယသမ္မတ ညွှန်ကြား

ရခိုင်ပြည်နယ်မှာရှိတဲ့ အစိုးရပိုင် ရေကြောင်းသင်္ဘောတွေထဲက ကြံ့ခိုင်မှုမရှိတဲ့ သင်္ဘောတွေကို ရပ်နား လိုက်ဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မေလ ၂၁ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ နဲ့ တွေ့ဆုံစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာရှိတဲ့ အစိုးရပိုင် ရေကြောင်း သင်္ဘောတွေထဲက ကြံ့ခိုင်မှုမရှိတဲ့ သင်္ဘောတွေကို ရပ်နားလိုက်ဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ညွှန်ကြားလိုက်ပါတယ်။

စစ်တွေမြို့မှာ ရခိုင်ပြည်နယ် မြို့ခံတွေနဲ့ တွေ့ဆုံခဲ့ရာ မှာ ဒေသခံတွေက သင်္ဘောအသစ်တွေ အစား ထိုးပြေးဆွဲပေးဖို့ တင်ပြခဲ့လို့ အခုလို ညွှန်ကြားသွား တာပါ။

ဒီနေ့တွေ့ဆုံရာမှာ စစ်တွေမြို့ခံတစ်ဦးဖြစ်သူ  ဦးသန်းထွန်းက ရခိုင်ပြည်နယ်မှာ ရေလမ်းခရီးကို အဓိကမှီခိုသွားလာနေရတာကြောင့် ကြံ့ခိုင်တဲ့ သင်္ဘောအသစ်တွေ ပြေးဆွဲပေးဖို့ တင်ပြခဲ့တာ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ခုတ်မောင်းလာတဲ့ အောင်တံခွန် အမှတ် (၃) ရေယာဉ်နစ်မြုပ်မှုမှာ လူ ၇၀ ထက် မနည်းသေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကတော့ ရခိုင်ကမ်းရိုးတန်းမှာ လုံခြုံစိတ်ချရတဲ့ သင်္ဘောအသစ်တွေနဲ့ ပြေးဆွဲပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုင်းမောက်ခမ်းဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်နယ် အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရုံးမှာ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org