ပြည်သူတွေဆန့်ကျင်မှုကြောင့် သုံးလအတွင်း ကန်ဒေါ်လာ နှစ်သန်းနီးပါး Mytel ဆုံးရှုံး

ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေနဲ့ လုပ်ငန်း ရှင်တွေဟာ စစ်တပ်ပိုင် မိုဘိုင်းဖုန်းလုပ်ငန်းဖြစ်တဲ့ Mytel ကို အသုံးမပြုကြတော့ တဲ့အတွက်၊ Mytel ကိုယ်စားလှယ် တစ်သောင်းဝန်းကျင် ထွက်ခွာသွားခဲ့ကြပြီး၊ ဖေဖော်ဝါရီလကနေပြီ ဧပြီလအထိ အမေရိကန် ဒေါ်လာ ၂ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ Justic for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က MyTel ရဲ့ First Call Announcement အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့စဉ် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဟာ စစ်တပ်ပိုင် မိုဘိုင်းဖုန်းလုပ်ငန်းဖြစ်တဲ့ Mytel ကို အသုံးမပြုကြတော့တဲ့အတွက်၊ Mytel ကိုယ်စားလှယ် တစ်သောင်း ဝန်းကျင် ထွက်ခွာသွားခဲ့ကြပြီး၊ ဖေဖော်ဝါရီလကနေပြီ ဧပြီလအထိ အမေရိကန် ဒေါ်လာ ၂ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ Justic for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

လုပ်ငန်းအတွက် ကုန်ကျစရိတ်က ၂၄.၉ သန်း ရှိခဲ့တာပါ။ ဒါ့ပြင် စစ်တပ်အာဏာသိမ်းပြီး ပထမ နှစ်လအတွင်း ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေက Mytelကို အသုံးမပြုကြတော့သလို လုပ်ငန်းကိုယ်စားလှယ် အရေအတွက် ကလည်း ငါးသောင်းလေးထောင်ကျော်ကနေ၊ ဇူလိုင်လမှာ သုံးသောင်းရှစ်ထောင်ကျော်အထိ ကျဆင်းသွားခဲ့ ပါတယ်။

Mytel ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းရဲ့ လက်ခွဲတခုဖြစ်တဲ့ Star Highက တဝက်ပိုင်ဆိုင် ကြောင်း သိရပါတယ်။ Mytel နဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ ပိုင်ဆိုင်မှုက ၂၈ ကနေ ၃၉ရာနှုန်းအတွင်းရှိပြီး၊ ဗီယက်နမ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနပိုင်၊ viettel global investment က ၄၉ ရာနှုန်းပိုင်ဆိုင် ကြောင်း သိရပါတယ်။

Mytel ကို အသုံးမပြုခြင်းအားဖြင့် စစ်ကောင်စီရဲ့ ဝင်ငွေထိခိုက်ကျဆင်းသွားနေကြောင်း တက်ကြွလှုပ်ရှားသူ တွေက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org