ဆက်သွယ်ရေး ကုမ္ပဏီအသစ် လာတော့မည်

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင် မှုဈေးကွက်မှာ ပြည်တွင်းကအများပိုင် ကုမ္ပဏီ ၁၁ ခု၊ ကာကွယ်ရေးဝန်ကြီးဌာန တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း က ဒီနေ့ ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့ကကျင်းပတဲ့ နေပြည်တော် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးက သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဝင်းသန်း ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုဈေးကွက်မှာ ပြည်တွင်းကအများပိုင်ကုမ္ပဏီ ၁၁ ခု၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း က ဒီနေ့ ပြော ပါတယ်။

ဒီနေ့ နေပြည်တော် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဝင်းသန်း က ပြောတာဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန က Star High အများပိုင်ကုမ္ပဏီနာမည်နဲ့ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဘယ်လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတာ မသိရသေးပါဘူး။

လက်ရှိဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်မှာ မြန်မာ့ဆက်သွယ်ရေး MPT ၊ Telenor ၊ Ooredoo အပြင် ၄ ခုမြောက် ကုမ္ပဏီအဖြစ် Viettel (ဗီယက်တဲလ်) ကုမ္ပဏီ ပါဝင်လာမှာဖြစ်ပါတယ်။

တင်ဒါရွေးချယ်ရေးလုပ်ငန်းတွေကို ပြည်ပက ကျွမ်းကျင်တဲ့ Roland Berger ကုမ္ပဏီကို ငှားရမ်းပြီး စိစစ်ခဲ့ တာဖြစ်ပြီး လိုင်စင်ကြေးကို ဒေါ်လာသန်း ၃ဝဝ သတ်မှတ်ထားပါတယ်။

Viettel ကုမ္ပဏီက ဆင်းကတ်တွေကို ဘယ်တော့ဈေးကွက်ထဲ ဖြန့်ချိမယ်ဆိုတာ မကြေညာသေးပေမယ့် 2 G နဲ့ 3 G လိုင်းရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org