ကုလအထူးကိုယ်စားလှယ် နမ်းဘီးယား ရခိုင်အစိုးရနဲ့ ဆွေးနွေး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ဟာ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်း နှစ်ခု ပြန်လည် သင့်မြတ်ရေးကိစ္စရပ်တွေကို လေ့လာဖို့အတွက် စစ်တွေမြို့ ကို ဒီကနေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့ပါတယ်။
-
2013-09-01 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Min Thein Aung
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ဟာ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်း နှစ်ခု ပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွေကို လေ့လာဖို့ အတွက် စစ်တွေမြို့ကို ဒီကနေ့ မနက်ပိုင်းက ရောက်ရှိ လာခဲ့ပါတယ်။
ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား အချင်းချင်း ပြန်လည် သင့်မြတ်ရေးဆိုင်ရာကိစ္စအတွက် အဓိကလာရောက် တာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် စကားပြန်ကတတဆင့် အခုလိုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်အရေးကိစ္စကို အစိုးရက ဖြေရှင်းပေးရေးဟာ အဓိကကျကြောင်း Mr. Nambiar က ပြောဆိုခဲ့ပါတယ်။
Mr. Nambiar ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။