ဖလမ်းမြို့ တလန်ရောန်ရွာကို စစ်ကောင်စီ မီးရှို့ခဲ့ကြောင်း ဒေသခံတွေပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ ဖလမ်း - ဟားခါး ကားလမ်းမကြီးဘေးမှာရှိတဲ့ တလန်ရောန်ရွာကို စစ်ကောင်စီ တပ်သားတွေက အောက်တိုဘာလ ၁၄ ရက် မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဖလမ်း - ဟားခါး ကားလမ်းမကြီးဘေးက တလန်ရောန်ရွာ မီးလောင်နေတာကို ၂၀၂၁၊ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

ချင်းပြည်နယ်၊ ဖလမ်းမြို့ ဖလမ်း - ဟားခါး ကားလမ်းမကြီးဘေးမှာရှိတဲ့ တလန်ရောန်ရွာကို စစ်ကောင်စီ တပ်သားတွေက အောက်တိုဘာလ ၁၄ ရက် မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့ကနေ ဟားခါးဘက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့ခဲ့တာဖြစ်ပြီး ခရစ်ယာန် ဘုရားကျောင်းရဲ့ လူနေအဆောင်တွေအပါအဝင် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တလန်ရောန်ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

“စစ်တပ်က ရီးရယ်သီးရွာကနေ ကျနော်တို့ရွာကို ဆက်လာတာ၊ ကျနော်တို့ ရွာသားတွေကလည်း စစ်တပ်ရောက်မယ်ဆိုတာ သိထားတော့ ရွာကို လှမ်းမြင်လို့ရတဲ့ တောတောင်တွေထဲမှာ သွားပုန်း နေရတယ်၊ သူတို့ရောက်တာ သိပ်မကြာဘူး၊ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ ၁၂ လုံးမီးရှို့ခံရတယ်” လို့ တလန်ရောန်ရွာသားက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာတွေထဲကို မရောက်ခင်မှာ ပစ်ခတ်တာတွေပါ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက် နေ့လယ်ပိုင်းနဲ့ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း ဖလမ်း - ဟားခါးလမ်းမကြီး ဘေးက ရီရယ်သီးရွာမှာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

ချင်းပြည်နယ်ထဲက ရွာတွေကို စစ်ကောင်စီက ဝင်ရောက်မီးရှို့နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org