အိမ်ယာမရှိသူများအတွက် ရွာသစ်ထူထောင်ပေးဖို့ ဆန္ဒပြ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောကျေးရွာ မှာ အိမ်ယာမရှိသူတွေအတွက် ကျေးရွာ သစ်တည်ထောင်ပေးဖို့ ဒေသခံ ၆၀၀ လောက်က ဒီကနေ့ သံတွဲမြို့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောကျေးရွာမှာ အိမ်ယာမရှိသူတွေအတွက် ကျေးရွာသစ်တည်ထောင်ပေးဖို့ ဒေသခံ ၆၀၀ လောက်က ဒီကနေ့ သံတွဲမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သံတွဲမြို့နယ် ဂျိတ္တောနဲ့ မြပင်ကျေးရွာမှာ ကိုယ်ပိုင်အိမ်ယာမရှိတဲ့ အိမ်ထောင်စုပေါင်း ၁၅၀၀ လောက်ရှိနေပါတယ်။ သူတို့တွေအတွက် သင့်တော်တဲ့နေရာမှာ ကျေးရွာသစ်ထူထောင်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုသန်းမြင့်က ပြောပါတယ်။

"ကျနော်တို့ကဒီမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေတာ အိမ် ၁၅ဝဝ လောက်ရှိတယ်၊ လူဦးရေကတော့ ၆ဝဝဝ လောက်ရှိ တာပေ့ါနော်၊ အဲ့ဒါကြောင့် သူတို့နေထိုင်ဖို့အတွက် အစိုးရမှာ မြေလွတ်မြေရိုင်း ရှိတဲ့နေရာတွေကို ကျေးရွာ တည်ဆောက်ပေးဖို့ အဲ့ဒါတောင်းဆိုတာပါ"

ကိုယ်ပိုင်အိမ်ယာမရှိတဲ့ အိမ်ထောင်စုပေါင်း ၁၅၀၀ ကျော်ဟာ ရခိုင်ပြည်နယ် ဒေသအသီးသီးကနေ အခြေချဖို့ရောက် ရှိလာတဲ့ ရေလုပ်သားတွေဖြစ်ပြီး ဂျိတ္တောနဲ့ မြပင်ကျေးရွာက နေအိမ်တွေနဲ့ မြေလွတ်တွေပေါ်မှာ ငှားရမ်းနေထိုင် လာခဲ့ကြတာ ၁၀ နှစ်ကျော်ပြီလို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org