ခဲမဖြူသန့်စင်စက်ရုံ ဖယ်ရှားပေးရေး ရွာသားများ တောင်းဆို

ရှမ်းပြည်တောင်ပိုင်း ကလောမြို့ နယ် ဘော်ဆိုင်းသတ္တုတွင်းဒေသ ရေဖြူ ကန်ကျေးရွာမှာ "ကောင်းသောအင်အား ကြယ်ကုမ္ပဏီ" ကပိုင်တဲ့ ခဲမဖြူသတ္တု သန့်စင်စက်ရုံကို ၅ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ ရွာသားတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က စက်ရုံကို တောင်းဆိုလိုက်ပါတယ်။

ခဲမဖြူသန့်စင်စက်ရုံတစ်ခုကို တွေ့ရစဉ်

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းသတ္တု တွင်းဒေသ ရေဖြူကန်ကျေးရွာမှာ "ကောင်းသော အင်အားကြယ်ကုမ္ပဏီ" ကပိုင်တဲ့ ခဲမဖြူသတ္တု သန့်စင်စက်ရုံကို ၅ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ ရွာသားတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စက်ရုံ ကို တောင်းဆိုလိုက်ပါတယ်။

ကျေးရွာသားတွေ အသုံးပြုနေတဲ့ အများသုံးရေကန်ထဲကို ခဲမဖြူသတ္တုသန့်စင်စက်ရုံက စွန့်ပစ်ရေတွေ စီးဝင်နေ တာကြောင့် ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ် လို့ ရေဖြူကန်ကျေးရွာသား ဦးဝင်းကိုက ပြောပါတယ်။

"ကုမ္ပဏီကို ပျက်သွားတဲ့ရေကန်ကို ပြန်လည်ပြုပြင်ပေး ဖို့ရယ်၊ တူးထားတဲ့ရေကန်ကို ပြန်ဖို့ပေးဖို့ရယ်၊ စက်ရုံကိုပြောင်းရွှေ့ပေးဖို့ရယ် ကျနော်တို့က တောင်းဆို တာပေါ့နော်၊ မြို့နယ်မှူးတွေလာပြီး နောက်ငါးရက်အတွင်းမှာ ကောင်းအောင်စီမံဆောင်ရွက်ပေးမယ် ပြောသွား တာပဲ၊ ကျနော်တို့က ဒီကုမ္ပဏီကို ရွာတွေကနေထွက်သွားဖို့ တောင်းဆိုတာပဲ"

စက်ရုံတာဝန်ရှိသူတွေက အဲဒီစက်ရုံကို ပြောင်းရွှေ့ပေးမယ်လို့ ကတိပေးထားခဲ့ပေမယ့် အခုချိန်ထိ ပြောင်းရွှေ့ပေးခြင်းမရှိတဲ့အတွက် ဒီဇင်ဘာလ ၇ ရက်နေ့ညက ရေဖြူကန်ကျေးရွာသား ၂၀၀ ကျော်က စက်ရုံကို ဖြိုဖျက်ခဲ့ပါတယ်။

အဲဒီ "ကောင်းသောအင်အားကြယ်ကုမ္ပဏီ"ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖူးကြီးသတ္တုတွင်းမြေနေရာမှာ ခဲမဖြူတူးဖော်နေပြီး ရေဖြူကန်ကျေးရွာမှာ ခဲမဖြူသတ္တုသန့်စင်စက်ရုံကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

သတ္တုသန့်စင်စက်ရုံက စွန့်ပစ်တဲ့ရေတွေကြောင့် ခဲဆိပ်သင့်ပြီး ကျန်းမာရေးထိခိုက်လာတဲ့အတွက် ဒေသခံ ရွာသားတွေက အဲဒီစက်ရုံကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတာ တစ်နှစ်ကျော်ပြီလို့လည်း သိရပါတယ်။

ခဲမဖြူသန့်စင်စက်ရုံ ဖယ်ရှားပေးရေး တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ရေဖြူကန်ကျေးရွာက ဦးဝင်းကို ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org