RCSS နဲ့ SSPP တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ သီပေါမြို့နယ်ထဲက ရွာတွေမှာ မိုင်းအန္တရာယ် စိုးရိမ်နေရ

သီပေါမြို့နယ်ထဲက ရေပူ၊ ပုံဖမ်း၊ တွန်ဆောက်နဲ့ ကျောက်မဲမြို့အစပ် မန်ဆိုင်ရွာတွေမှာ မိုင်းထိလူနာတွေ များလာတာကြောင့် လုပ်ငန်းခွင်ဝင်မယ့် ရွာသားတွေ မိုင်းထပ်ထိမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့အတွင်းက မိုင်းထိလူနာအချို့ကို ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်

သီပေါမြို့နယ်ထဲက ရေပူ၊ ပုံဖမ်း၊ တွန်ဆောက်နဲ့ ကျောက်မဲမြို့အစပ် မန်ဆိုင်ရွာတွေမှာ မိုင်းထိလူနာတွေ များလာတာကြောင့် လုပ်ငန်းခွင်ဝင်မယ့် ရွာသားတွေ မိုင်းထပ်ထိမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဖေဖော်ဝါရီလဆန်းအထိ အဲဒီကျေးရွာတွေမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မဟာမိတ် ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလကနေ ဧပြီလဆန်းပိုင်းအထိ မိုင်းထိခဲ့တဲ့ ဒေသခံ ငါးဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းထိခဲ့တဲ့အထဲမှာ ပုံဖမ်းရွာက အမျိုးသားနှစ်ဦး၊ ရေပူရွာက အမျိုးသားတစ်ဦး၊ တွန်ဆောက်ရွာက အမျိုးသမီးတစ်ဦး၊ မန်ဆိုင်ရွာက အမျိုးသားတစ်ဦး ပါဝင်ပါတယ်။

မိုင်းထိတဲ့သူတွေ များလာပြီးနောက် ဒေသခံတွေဟာ သူတို့ရဲ့လုပ်ငန်းခွင်ကို ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ လက်ကျန် မိုင်းတွေကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ရှင်းလင်းပေးစေချင်နေတာလို့ ရွာတွေရဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော လက်နက်တွေအကြောင်း စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ မေလအထိ မိုင်းနဲ့ လက်နက်တွေကြောင့် သေဆုံးသူ ၂၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ ဦး ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ ရှမ်းပြည်နယ်က သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရသူ ၅၄ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org