ရန်ကုန်ကိုလာတဲ့ ဗီယက်နမ် လူ့အခွင့်အရေးလှုပ်ရှားသူ ၇ ဦးကို ဗီယက်နမ်အစိုးရက ထွက်ခွာခွင့်မပြု

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာကြတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး ပါတီ Viet Tan ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာ အဖွဲ့အပြင် လူ့အခွင့်အရေး အဖွဲ့အစည်းတချို့ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာကြတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးပါတီ Viet Tan ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးကို ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာတွေ့ရစဉ်

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာကြတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးပါတီ Viet Tan ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာအဖွဲ့အပြင် လူ့အခွင့်အရေး အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံကို ထွက်လာကြသူတွေထဲက ၇ ဦးကို ဗီယက်နမ်အစိုးရက Saigon နဲ့ Hanoi လေဆိပ်တွေမှာ ထွက်ခွာခွင့်မပြုဘဲ တားမြစ်ခဲ့တဲ့အတွက် ရန်ကုန်ကို ၇ ဦးသာ ရောက်ရှိခဲ့ပါတယ်။

Viet Tan အဖွဲ့ဝင် ၁၄ ဦးမှာ ၇ ဦးက အမေရိကန်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ၇ ဦးက ဗီယက်နမ်နိုင်ငံမှာ နေထိုင်တဲ့ လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားသူတွေဖြစ်ပါတယ်။

ဒီကနေ့ညမှာ ရန်ကုန်မြို့က ဖန်တီးရာရုံးခန်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အစည်းတချို့ က ခေါင်းဆောင်တွေနဲ့ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုတွေအကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

သူတို့အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ မျိုးဆက်သစ်လူငယ်များအဖွဲ့ Generation Wave ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ DVB Multimedia Group အပြင် တရားမျှတခြင်း မြန်မာ Equality Myanmar စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org