စုံစမ်းရေးကော်မရှင်ကို အပြည့်အဝ လုပ်ကိုင်ခွင့်ပြုဖို့ မြန်မာကို အာဆီယံတိုက်တွန်း
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူနိုင်ရေးအတွက် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို အပြည့်အဝ လုပ်ကိုင်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
-
2018-10-02 -
-
-
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူနိုင်ရေး အတွက် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို အပြည့်အဝ လုပ်ကိုင်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ အစိုးရကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဗီဗီယန် ဘလားခရစ်ချ်နန်က ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရင်း မိမိတို့ အာဆီယံဝန်ကြီးတွေ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံကာ မြန်မာပြည်အရေး ကို စိုးရိမ်စွာ ဆွေးနွေးခဲ့ကြကြောင်း၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒီနေ့ခေတ်ကာလမှာ ဖြစ်ပွားသင့်တဲ့ အရာတွေ မဟုတ်ကြောင်း၊ ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ အဖြစ်ဆိုးတခုကို လူသားတွေ ကိုယ်တိုင်လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းစသဖြင့် ပြောပါတယ်။
ဒါကြောင့် မြန်မာအစိုးရအနေနဲ့ အခုဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိရှိ အရေးယူသင့်ပါတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။