မဲလက်မှတ်ပေါင်း သန်းတစ်ရာကျော် ရိုက်နှိပ်မည်

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲလက် မှတ်ပေါင်း ၁၂၅ သန်းကျော်ကို ရိုက်နှိပ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစိုးရရဲ့ ပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းဌာနကို အပ်နှံထား ပါတယ်။

ဆန္ဒမဲလက်မှတ်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ ပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် Photo: Zar Ni Htun/RFA

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲလက်မှတ်ပေါင်း ၁၂၅ သန်းကျော်ကို ရိုက်နှိပ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစိုးရရဲ့ ပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းဌာနကို အပ်နှံထားပါတယ်။

ဆန္ဒမဲလက်မှတ်တွေ ရိုက်နှိပ်ဖို့အတွက် ကော်မရှင်က အပ်နှံထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်းက ပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောတာဖြစ် ပါတယ်။

ပြည်သူ၊ အမျိုးသား၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ဆန္ဒမဲလက်မှတ် အမျိုးအစား ၁၁၆၃ မျိုးရှိတယ်လို့ ပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးုမြင့်က ပြောပါတယ်။

"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ပြည်သူ့လွှတ်တော်အတွက် ၃၃ဝ မျိုး အမှာစာစောင်ရေ ၄၄.၄ သန်း၊ နောက်အမျိုးသားလွှတ်တော်အတွက် ၁၆၈ မျိုး အမှာစာစောင်ရေ ၃၈.၃၅ သန်း၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ၆၃၆ မျိုး အမှာစာစောင်ရေ ၃၉.၆၃ သန်း၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များအတွက် ၂၉ မျိုးပါ အမှာစာစောင်ရေ ၇.၁၇ သန်း စုစုပေါင်း ၁၁၆၃ မျိုးအတွက် ၁၂၅.၅ သန်း အမှာစာစောင်ရေ တရားဝင်စာနဲ့ပို့ပါတယ်၊ အဲ့အပေါ်မှာ ကျနော်တို့ကနေ ရိုက်နှိပ်ဖို့အတွက်ဆောင်ရွက်လျှက်ရှိပါတယ်"

အဲ့ဒီမဲလက်မှတ်တွေ ရိုက်နှိပ်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တင်ဒါခေါ်ယူခဲ့ရာ မြန်မာနိုင်ငံက မီဂါလင့် ကုမ္ပဏီက အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီက မဲလက်မှတ်တွေ ရိုက်နှိပ်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံကနေ စာရွက်တွေကို တင်သွင်းမှာဖြစ်ပါတယ်။

မဲလက်မှတ်တွေရိုက်နှိပ်ဖို့ စက်တင်ဘာ နောက်ဆုံးပတ်လောက်မှာ စတင်နိုင်မှာဖြစ်ပြီး တစ်လကျော်ကြာမယ်လို့ သိရပါတယ်။ မဲလက်မှတ်တွေရိုက်နှိပ်ဖို့ ကုန်ကျစရိတ်တွေကိုတော့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဦးအောင်မျိုးမြင့် က ဖြေဆိုဖို့ငြင်းဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့သာ သက်ဆိုင်ကြောင်း ပြောခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မမိုးကလျာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org