မဲဆန္ဒရှင် သက်သေခံလက်မှတ် နိုဝင်ဘာ ၁ ရက်နေ့ စတင်ထုတ်ပေးမည်

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိ သူတွေအတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို နိုဝင်ဘာလ ၁ရက်နေ့ကနေ ၇ရက်နေ့ အထိ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် က ဒီနေ့ ကြေညာလိုက်ပါတယ်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်(နမူနာ)ကို တွေ့ရစဉ် Photo: Union Election Commission Facebook

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေကို နိုဝင်ဘာလ ၁ရက်နေ့ကနေ ၇ရက်နေ့အထိ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဒီနေ့ ကြေညာလိုက်ပါတယ်။

အဲဒီသက်သေခံလက်မှတ်မှာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ စတာတွေကို ဖော်ပြထားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မနက် ၈နာရီကနေ ညနေ ၆နာရီအတွင်း လာရောက်ထုတ်ယူနိုင်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီလက်မှတ်ကို ထုတ်ယူမယ်ဆိုရင် မဲပေးခွင့်ရှိသူစာရင်းမှာ ပါဝင်ကြောင်း ခိုင်လုံစေမှာဖြစ်ပြီး ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတာကို သိရှိနိုင်မယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ တကယ်လို့ မဲလက်မှတ်ကို မထုတ်ယူတာ သို့မဟုတ် ထုတ်ယူပြီးနောက် ပျောက်ဆုံးသွားခဲ့ရင်လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ဆုံးရှုံးသွားမှာ မဟုတ်ကြောင်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org