မူဆယ်မှာ ဖမ်းဆီးခံထားရသူ ၃ ဦးဟာ UWSA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ငြင်းဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ လက်နက်ခဲယမ်းတွေ၊ ဝ တပ်ဖွဲ့တံဆိပ်ပါ ပစ္စည်းတွေနဲ့ အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးမိပြီး အဲဒီထဲ က ၂ ဦးဟာ ဝ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တပ်မတော် ပိုင် မြဝတီသတင်းစာက သတင်းထုတ်ပြန်တာဟာ မဟုတ်မှန်ကြောင်း UWSA ဝ တပ်ဖွဲ့ဘက်က ငြင်းဆိုလိုက် ပါတယ်။
-
2016-10-09 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ လက်နက်ခဲယမ်းတွေ၊ ဝ တပ်ဖွဲ့တံဆိပ်ပါပစ္စည်းတွေနဲ့ အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးမိပြီး အဲဒီထဲက ၂ ဦးဟာ ဝ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းစာက သတင်း ထုတ်ပြန်တာဟာ မဟုတ်မှန်ကြောင်း UWSA ဝ တပ်ဖွဲ့ဘက်က ငြင်းဆိုလိုက်ပါတယ်။
မူဆယ်မြို့နယ်ရဲစခန်းက ဖမ်းဆီးထားတဲ့သူတွေနဲ့ ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို အသိပေးလာတာရှိပြီး ဝတပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း အြေကာင်းပြန်ထားပြီး ဖြစ်တယ်လို့ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
"ကျနော်တို့ရုံးကို သူတို့မေးလာတာရှိတယ်။ ဒီလူဒီလူဖမ်းထားတယ်။ ကျနော် အစတည်းက ပြောထားပြီး သားပဲ ဒီလူတွေ ကျနော်တို့လူမဟုတ်ဘူးဆိုတဲ့အကြောင်း ကျနော်တို့က သူတို့ကိုလှမ်းပြီးမှ အကြောင်းပြန် ပြီးပြီ။ ကျနော်တို့တပ်ဖွဲ့ဝင်မဟုတ်တဲ့ အခါကျတော့ ကျနော်တို့က ဘာမှလည်းလိုက်ပြီး ပြောစရာအကြောင်း မရှိဘူး။ လိုက်ကူညီစရာ အကြောင်းလည်းမရှိဘူး။ ကျနော်တို့တောင် လိုက်ဖမ်း ချင်တယ်။ အရေးယူချင် တယ် ဒီလူတွေကို အဲလိုမျိုးပေါ့"
ပြီးခဲ့တဲ့အောက်တိုဘာလ ၄ ရက်က မူဆယ်မြို့၊ အော်ရီရန်တယ်တိုးဂိတ်မှာ ရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို စစ်ဆေးစဉ်မှာ တိုယိုတာကားတစီးပေါ်မှာ လူသုံးဦးနဲ့ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၄ တောင့် UWSA အမှတ်အသားပါတဲ့ ယူနီဖောင်းတွေ၊ လက်မောင်း၊ ရင်ဘတ်တံဆိပ်တွေ ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မူဆယ်မြို့တဝိုက်မှာ တရုတ်နိုင်ငံသားတစ်ဦးခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးလောက်ပါတဲ့ အဖွဲ့တစ် ဖွဲ့က ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အမည်နဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အဲဒီလူတွေဟာ ဝတပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်း စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ စရဖထံ အကြောင်း ကြားထားပြီးဖြစ် တယ်လို့ ဝတပ်ဖွဲ့ရဲ့လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိချက်အရ ဖမ်းဆီးမိသူ ၃ ဦးထဲက ၂ ဦးဟာ UWSA “ဝ” အဖွဲ့မှ တပ်သား အဆင့်ရှိသူ ကျန်းရင်ဖုန်းနှင့် အားချန့် တို့ဖြစ်ပြီး ကျန်တစ်ဦးမှာ မူဆယ်မြို့မှာရှိတဲ့ UWSA “ဝ” အဖွဲ့ပိုင် ပန့်ခန့်စိန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ဖြစ်တယ်လို့ မနေ့ကထုတ်တဲ့ မြဝတီ သတင်းစာမှာ ဖော်ပြထားပါတယ်။