ဝ တပ်ဖွဲ့စိုးမိုးနယ်မြေတွေမှာ မဲစာရင်း မကောက်ယူနိုင်

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီး က ဝတပ်ဖွဲ့တွေသြဇာလွှမ်းတဲ့ မိုင်းလား မြို့နယ်က ကျေးရွာအုပ်စု ၂ဝ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့အတွက် အခုချိန်ထိ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်လောက်ကိုသာ ရရှိထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။

"ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: (AFP)

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီးက ဝတပ်ဖွဲ့တွေသြဇာလွှမ်းတဲ့ မိုင်းလား မြို့နယ်က ကျေးရွာအုပ်စု ၂ဝ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့အတွက် အခုချိန်ထိ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်လောက်ကိုသာ ရရှိထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။

လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေ မဖွင့်နိုင်သလို မဲစာရင်းကိုလည်း ကျေးရွာအုပ် စု နှစ်စုမှာသာ ကောက်ယူနိုင်ပြီး ကျန်တဲ့ ၂ဝ ကျော်မှာ စာရင်းယူနိုင်ခြင်းမရှိဘူးလို့ ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးပွင့်က ပြောပါတယ်။

"ကျနော်တို့ရသလောက်ပဲကောက်တယ်၊ အုပ်စုနှစ်အုပ်စု၊ ၂၅ အုပ်စုရှိတယ်၊ လုံခြုံရေးအရပေါ့၊ သူတို့ဆရာ ကြီးတွေ ပိုင်စိုးပိုင်နက်လုပ်ထားတာပေါ့၊ သူတို့က ထိန်းချုပ်ထားတာ၊ ကျန်တဲ့ကျေးရွာအုပ်စုမှာတော့ မလုပ်နိုင် တဲ့သဘောဖြစ်သွားတာပေါ့"

ရှမ်းပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၃ သန်းနီးပါးရှိပြီး ရွေးကောက်ပွဲနေ့မှာ မဲရုံ ၃ဝဝဝ ကျော် ထားရှိမှာဖြစ် ပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၈ဝဝ ကျော် ရှိပါတယ်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၄ ခုမှာ ဝင်ရောက်ယှဉ်ပြိုင် မယ့်သူ မရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

မဲစာရင်းမကောက်နိုင်တဲ့နေရာတွေက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၆ ခုနဲ့ မိုင်းလားမြို့နယ် ကျေးရွာ ၂ဝ ကျော်မှာ မဲစာရင်းမကောက်ယူနိုင် တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org