စစ်ဘေး ဒုက္ခသည်များအတွက် သီးသန့်မဲရုံ ဖွင့်ပေးမည် မဟုတ်

ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေး ဒုက္ခသည်တွေ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေကို သီးသန့်ပြု လုပ်ပေးမှာမဟုတ်ဘဲ ဒုက္ခသည် စခန်းနဲ့နီးစပ်တဲ့ သက်ဆိုင် ရာရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာပဲ မဲပေးရမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တချို့ကို တွေ့ရစဉ် Photo:Kan Thar/RFA

ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေကို သီးသန့်ပြုလုပ်ပေးမှာမဟုတ်ဘဲ ဒုက္ခသည် စခန်းနဲ့နီးစပ်တဲ့ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ် ထားတဲ့ မဲရုံတွေမှာပဲ မဲပေးရမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

ဒုက္ခသည် စခန်းတစ်ခုစီမှာ လူဦးရေ ရာဂဏန်းလောက်သာရှိတာကြောင့် အခုလိုစီစဉ်ရတာဖြစ်တယ် လို့ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာဝန်ခံ ဦးနှစ်ဆန်းဦးက ပြောပါတယ်။

"စစ်ဘေးရှောင်အဖွဲ့တွေကတော့ တချို့ကတော့ ထောင်ဂဏန်းနဲ့အထက်ရှိတဲ့ ထောင်ဂဏန်းဆိုတာ သုံးထောင် ဝန်းကျင် အဲ့ဒီဝန်းကျင်ရှိတဲ့ စစ်ဘေးရှောင်စခန်းတွေ လက်ရှိကာလမှာမရှိတော့တဲ့ ရာဂဏန်းလောက်ပဲရှိတယ် ဆိုတော့ ကျနော်တို့ နီးစပ်ရာမဲရုံတွေမှာ မဲပေးဖို့ဆိုပြီးတော့ သူတို့ရဲ့အမည်စာရင်းကို နီးစပ်ရာမဲရုံ မူဆယ်၊ နမ့်ခမ်းဒေသတွေမှာပေါ့ အထူးသဖြင့် ကွတ်ခိုင်ဒေသ နီးစပ်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး ကော်မရှင်အဖွဲ့ခွဲ နဲ့ ညှိနှိုင်းပြီးတော့ နီးစပ်ရာမဲရုံတွေမှာမဲပေးဖို့ စီမံထားပြီးဖြစ်ပါတယ်"

စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ လူဦးရေ သုံးထောင်အထက်ရှိမှသာ မဲရုံသီးသန့်ဖွင့်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် စခန်း ၁ဝ ကျော် ရှိပြီး စခန်းတစ်ခုစီကို လူဦးရေ သုံးရာဝန်းကျင်စီ ရှိပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေ မဲပေးနိုင်မယ့် စာရင်းတွေကိုလည်း စက်တင်ဘာလ ၁၄ ရက်မှာ စတင်ကြေညာပေးမယ်လို့ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူလက မဲရုံစုစုပေါင်း ၁၃၃၁ ရုံ သတ်မှတ်ထားတာကနေ တန့်ယန်းမြို့နယ် မိုင်းကောင်းဒေသမှာ လူဦးရေ ၅ ထောင်ကျော်ရှိနေတာကြောင့် မဲရုံ နှစ်ရုံ ထပ်တိုးရပါတယ်။ ရွှေလီနဲ့ ကျယ်ဂေါင်မှာ အလုပ်သွားလုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးဖို့အတွက်လည်း မူဆယ်မြို့မှာ မဲရုံ ၃ ရုံ ထပ်တိုးထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါ တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org