သောက်သုံးရေပြတ်လပ်နိုင် တဲ့ ကျေးရွာ ၅၀၀ ကျော် ကို ရေဂါလံ ၁၄ သန်း ပေးဝေမည်

ဒီနှစ်နွေရာသီမှာ သောက်သုံးရေပြတ်လပ်မှုရှိနိုင် တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက ကျေး ရွာပေါင်း ၅၀၀ ကျော်အတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဂါလံ ၁၄ သန်း ပေးဝေသွားဖို့ ပြင်ဆင်နေပါတယ်။

ကယားပြည်နယ်မှာ ၂ဝ၁၆ ခုနှစ် မေလ ၆ ရက်နေ့က ကန္ဒရဝတီ လူမှုကူညီရေးအသင်း(ရန်ကုန်)က ရေပေးဝေနေတာကို တွေ့ရစဉ် Photo: Nay Thwae/RFA

ဒီနှစ်နွေရာသီမှာ သောက်သုံးရေပြတ်လပ်မှုရှိနိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး  ၁၂ ခုက ကျေးရွာပေါင်း ၅၀၀ ကျော်အတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဂါလံ ၁၄ သန်း ပေးဝေသွားဖို့ ပြင်ဆင်နေ ပါတယ်။

ရေပြတ်လပ်နိုင်တဲ့ကျေးရွာတွေကို ကွင်းဆင်းလေ့လာခဲ့ပြီး ရေပေးဝေမှုတွေ စတင်ဆောင်ရွက်နေပြီ လို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောပါတယ်။

"ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ဒီနှစ်ရေရှားပါးနိုင်တဲ့ နေရာတွေကို ကွင်းဆင်းလေ့လာခိုင်းထားပြီး တိုင်းဒေသကြီး ၁၂ ခုကတော့ ခန့်မှန်းပေါ့ မတ်လထဲမှာ ခန့်မှန်း ၅၀၄ ရွာတင်ထားတယ်၊ ရေဂါလံ ၁၄ သန်းပေါ့၊ မနေ့ကအထိ ၆၁ ရွာကို စဝေနေပါပြီ"

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တနသာၤရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ တိုင်းနဲ့ ပြည်နယ် ၁၂ခုက ကျေးရွာပေါင်း ၅၀၀ ကျော်မှာ ရေရှားပါးမှုအခက်အခဲကို မတ်လကနေ မေလလယ်လောက်ထိ ခံစားရနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ရေပေးဝေမှုတွေကို အလှူရှင်တွေ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရေပြတ်လပ်မှုဖြစ်ပေါ်နေတဲ့ ဘယ်နေရာမဆို ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနကို ဆက်သွယ်နိုင်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org