ဦးသိန်းစိန်အစိုးရ အာဆီယံ ဥက္ကဌနေရာ အပ်နှင်းရေး

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ ဦးသိန်းစိန် အစိုးရ တောင်းဆိုထားတဲ့ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌနေရာ အပ်နှင်းရေး ကိစ္စကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့ အတွက် အခုနှစ် ကုန်ပိုင်းလောက်ကျမှ ဆုံးဖြတ်မယ်လို့ အာဆီယံ ခေါင်းဆောင်တွေက သံတမန်နည်းကျကျ ပြောဆိုခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် မြန်မာကို အာဆီယံ ဥက္ကဌပေးရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားကြသလို၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေ ကတော့ မြန်မာကို အာဆီယံ ဥက္ကဌပေးဖို့ အသာတကြည်နဲ့ သဘောတူ ထားကြပါတယ်။

စင်ကာပူကတော့ အတင်းမာဆုံးလို့ ဆိုနိုင်ပါတယ်၊ မြန်မာကို ဥက္ကဌပေးမယ်ဆိုရင် အက္ခရာစဉ် အတိုင်းဘဲ ပေးသင့်တယ်လို့ ပြောပါတယ်၊ အဲဒိလိုဆိုရင် မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ်ကျမှ ဥက္ကဌ နေရာကို အလိုအလျောက် ရရှိမှာ ဖြစ်ပါတယ်။

စင်ကာပူဟာ ဒေသတွင်းမှာ တခြားနိုင်ငံတွေထက် အမေရိကန်နဲ့ ဆက်ဆံရေးပျက်မှာ အစိုးရိမ်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ အာဆီယံရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက် အကောင်အထည်ဖော်မယ့် ၂၀၁၅ ခုနှစ်ကျော်မှ ဥက္ကဌ လုပ်ရမယ့် ကိစ္စကို ကျေနပ်မှာ မဟုတ်သလို မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် တနှစ်အလိုမှာ အာဆီယံ ဥက္ကဌ ဖြစ်ချင်နေပါတယ်။

ဒီအကြောင်း RFA ပြင်ပဆောင်းပါးရှင် မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းထောက် Larry Jagan ဂျာကာတာမြို့က ပေးပို့ လိုက်တဲ့ အထူးဆောင်းပါးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဘာသာပြန်ဆို တင်ပြပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org