ယာယီလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့် မရသင့်လို့ ရခိုင်များတင်ပြ
လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်မပြုသင့်ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ရခိုင်ပြည်နယ်လူထု ကိုယ်စားလှယ်တွေက ဒီနေ့ တင်ပြခဲ့ကြပါတယ်။
-
2013-09-29 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်မပြုသင့်ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ရခိုင်ပြည်နယ်လူထု ကိုယ်စားလှယ်တွေက ဒီနေ့ တင်ပြခဲ့ကြပါတယ်။
ရန်ကုန်မြို့ IBC ခန်းမမှာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ကြတာလို့ သိရပါတယ်။
မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေကနေ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ စိစစ်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက တင်ပြခဲ့ပါတယ်။
" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာ White Card နဲ့ ပတ်သက်ပြီးတော့ လုံးဝမတွေ့ပါဘူး၊ ၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း မပါရှိခဲ့ပါဘူး၊ မောင်တော၊ ဘူးသီးတောင်နယ်ဘက်က လွှတ်တော်မှာ အရွေးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၅ မှာ နိုင်ငံသားမဖြစ်ခဲ့သော မိဘတစ်ပါးပါးက သော်လည်းကောင်း၊ မိဘနှစ်ပါးမှသော်လည်းကောင်းမွေးဖွားလာသူသည် ရွေးချယ်ခွင့်မရှိပါလို့ အတိအကျပြဌာန်းထားတဲ့အတွက် အခုလက်ရှိအခြေအနေမှာ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရွေးကောက်ပွဲ ဥပဒေ ၁၅ နဲ့ ညီ၊ မညီ စီစစ်ပေးပါလို့ တောင်းဆိုအပ်ပါတယ်"
ဒီနေ့ဆွေးနွေးပွဲမှာ ရခိုင်ပြည်သူလူထုကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေ၊ ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ သယံဇာတခွဲဝေပေးစေရေးစတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကကို တင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်မှုတွေနဲ့ ပတ်သက်ပြီးလည်း တင်ပြခဲ့ပါတယ်။
သူရဦးရွှေမန်းဟာ ရခိုင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ရခိုင်ပြည်နယ် ကိုယ်စားပြု ပြည်သူတွေနဲ့ ဒီနေ့မှာ ရန်ကုန်မြို့ မှာဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားပါတယ်။