ရွေးကောက်ပွဲပြီးပေမယ့် အခြေခံ ဥပဒေပြင်ဖို့လိုသေးကြောင်း အိမ်ဖြူတော် ပြောဆို

မြန်မာနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးဆီကို ဦးတည်နေပေမယ့် နိုင်ငံကို ဒီမိုကရေစီ အနှစ်သာရ ပိုပြီးပြည့်ဝစေဖို့ဆိုရင် အခြေခံ ဥပဒေပြင်ဆင်ရေးဟာ လိုအပ်မြဲ လိုအပ်နေသေးတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးဆီကို ဦးတည်နေပေမယ့် နိုင်ငံကို ဒီမိုကရေစီ အနှစ်သာရ ပိုပြီးပြည့်ဝစေဖို့ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးဟာ လိုအပ်မြဲ လိုအပ်နေသေးတယ် လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

မြန်မာ့သမိုင်းဝင် ရွေးကောက်ပွဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အပြတ်အသတ် အနိုင်ရခဲ့ပြီး၊ အစိုးရသစ်ဖွဲ့နိုင်ခြေရှိနေချိန် မှာ၊ မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရး မူဝါဒဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Ben Rhodes က မနေ့ကကျင်းပခဲ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

"မြန်မာနိုင်ငံမှာ ပြည့်ဝတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်ဘက် အုပ်ချုပ်ရေးတွေ ပေါ်ပေါက် ဖြစ်ထွန်းဖို့ ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာ၊ အမေရိကန်ပြည်ထောင်စုက ဟိုအရင်နှစ်တွေကတည်းက တလျှောက်လုံး တိုက်တွန်းပြောဆိုလာခဲ့တာပါ၊ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့တိုင်၊ လွှတ်တော်တွေမှာ စစ်တပ် က ၂၅ ရာနှုန်းနေရာယူထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးခံနေရဆဲဖြစ်ပါတယ်၊ ဒီတော့ ရှေ့ကို ဘယ်လို ခရီးဆက်မလဲဆိုတာ မြန်မာခေါင်းဆောင်တွေနဲ မြန်မာပြည်သူတွေ ဆုံးဖြတ်ကြရမှာ ဖြစ် ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ အနာဂတ်လားရာနဲ့ ပတ်သက်ပြီး၊ ဦးဆောင်ပဲ့ကိုင်သွား မယ့် နေရာမှာရှိကြောင်းလည်း Ben Rhodes က ပြောဆိုခဲ့ပါတယ်။

သမ္မတရွေးချယ်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွေအပါအဝင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး၊ ရှေ့နေကြီး ဦးကိုနီ ကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေးမြန်းချက် ပထမပိုင်းကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org