ဝိုင်ဖိုင်စာကြည့်တိုက်တွေ ဖွင့်တော့မည်

မြန်မာနိုင်ငံတဝှမ်းမှာ ဝိုင်ဖိုင်စနစ်သုံးပြီး ကြည့်ရှုနိုင်မယ့် စာကြည့်တိုက် ၁ဝဝ ကိုလာမယ့် ဇန်နဝါရီလအတွင်း တပ်ဆင်ဖွင့်လှစ်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာ သီတာတင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ ဝိုင်ဖိုင်စနစ်သုံးပြီး ကြည့်ရှုနိုင်မယ့် စာကြည့်တိုက် ၁ဝဝ ကိုလာမယ့် ဇန်နဝါရီလ အတွင်း တပ်ဆင်ဖွင့်လှစ်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ သီတာတင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“အဲဒါက ဝိုင်ဖိုင်ကနေပေါ့ စာအုပ်တွေ ဒေါင်းလုလည်းလုပ်လို့ရပါတယ်၊ ပထမအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာရှိတဲ့ ရုံးစိုက်တဲ့မြို့တွေ၊ ရန်ကုန် မန္တလေးမှာဆိုရင်တော့ ဒီမြို့နယ်ရုံးတွေမှာ ၂ဝ၁၄ ဇန်နဝါရီလကုန်မှာ အလုံးရေ ၅ဝ တပ်ဆင်မယ်၊ ၂ဝ၁၄ ဖေဖော်ဝါရီမှာ နောက်ထပ်အလုံး ၅ဝ တပ်ဆင်မယ်၊ အားလုံးအလုံး ၁ဝဝ လောက်ပေါ့"

အဲဒီလို ဝိုင်ဖိုင်စနစ်သုံး စာကြည့်တိုက်တွေမှာ စာအုပ်စာတမ်း ၂ သောင်းခန့် လတ်တလော ဖတ်ရှုနိုင်မှာဖြစ်ပြီး စာအုပ် စာတမ်းနဲ့ စာကြည့်တိုက်အရေအတွက်ကို ၂ဝ၁၅ ခုနှစ်အတွင်း ထပ်မံတိုးချဲ့သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးမရှိတော့ပေမယ့် လက်ရှိမြန်မာစာနယ်ဇင်းတွေအနေနဲ့ လွတ်လပ်မှုကို အလွဲ သုံးစားလုပ်မယ်ဆိုရင် ပုံနှိပ်ထုတ်ဝေရေး ဥပဒေနဲ့အညီ အရေးယူခံရနိုင်တဲ့အတွက် လွတ်လပ်မှုကို ကျင့်သုံးရင်း ကျင့်ဝတ်တွေကိုလိုက်နာကြဖို့ လိုအပ်ကြောင်းလည်း ဒေါ်သီတာတင်က ပြောပါတယ်။

ဒေါ်သီတာတင်နဲ့ RFA ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုနားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org