မြန်မာ့ဆန် တရားဝင်တင်ပို့နိုင်ဖို့ ယူနန်အစိုးရနဲ့ မကြာခင်ဆွေးနွေးမည်

မြန်မာနိုင်ငံရဲ့ ပြည်ပဆန် တင်ပို့မှုမှာ မနှစ်က တန်ချိန် ၃.၆၈ သန်း တင်ပို့နိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ပိတ်ပင်မှုကြောင့် ဒီနှစ်မှာ တန်ချိန် နှစ်သန်းကျော်ပဲ တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ကုန်သည်ကြီးများ အသင်းချုပ် UMFCCI မှာ ၂၀၁၉၊ မေ ၂၇ ရက်နေ့က သတင်းစာရှင်းပွဲ ကျင်းပစဉ် Photo: Thant Zin Oo/ RFA

မြန်မာနိုင်ငံရဲ့ ပြည်ပဆန် တင်ပို့မှုမှာ မနှစ်က တန်ချိန် ၃.၆၈ သန်း တင်ပို့နိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ပိတ်ပင်မှုကြောင့် ဒီနှစ်မှာ တန်ချိန် နှစ်သန်းကျော်ပဲ တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ညနေပိုင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ကုန်သည်ကြီးများ အသင်းချုပ် UMFCCI မှာပြုလုပ်တဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းပွဲမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကဆန်ကို အဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံဘက်က နယ်စယ်ဆန် တင်ပို့မှုအားလုံးကို ပိတ်လိုက်တဲ့အတွက် ပြည်ပဆန် တင်ပို့မှု ၈၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊
ယူနန်အစိုးရနဲ့ အစိုးရချင်း G to G ဆန်တင်ပို့နိုင်ဖို့လည်း ဆွေးနွေးနေဆဲဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်း ယူနန်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဆန်တန်ချိန် တစ်သိန်း တရားဝင် တင်ပို့နိုင်ဖို့အတွက် MOU စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဲဒီလိုတင်ပို့နိုင်ဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်ရုံတွေကို ပိုးမွှားသန့်စင်ကြောင်း စစ်ဆေးနေကြောင်း၊ အဲဒီစစ်ဆေးချက်တွေကို တရုတ်ကို ပို့ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org