CDM လှုပ်ရှားတဲ့ ဝန်ထမ်းတွေ မူလတာဝန်နဲ့ ရာထူးအတိုင်း ဥပဒေနဲ့အညီ ကာကွယ်ပေးမည်

နိုင်ငံ့ဝန်ထမ်းတွေ Civil Disobedience Movement (CDM) စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို မူလအလုပ်တာဝန်နဲ့ ရာထူးတည်မြဲရေးအတွက် ဥပဒေပြဌာန်းပြီး အာမခံချက် အပြည့်အဝ ပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်က အင်ဂျင်နီယာတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်စဥ်

နိုင်ငံ့ဝန်ထမ်းတွေ Civil Disobedience Movement (CDM) စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှု မှာ ပါဝင်တဲ့သူတွေကို မူလအလုပ်တာဝန်နဲ့ ရာထူးတည်မြဲရေးအတွက် ဥပဒေပြဌာန်းပြီး အာမခံချက် အပြည့်အဝပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Civil Disobedience Movement စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုဟာ နိုင်ငံ့အရေး ဆောင်ရွက်ချက်သာဖြစ်ပြီး ပါတီနိုင်ငံရေးလုပ်တာ မဟုတ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ငြိစွန်းခြင်းမရှိဘူးလို့ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံ့ဝန်ထမ်းများအားလုံး CDM လှုပ်ရှားမှုမှာ အပြည့်အဝ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ Committee Representing Pyidaungsu Hluttaw (CRPH) ကို ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရထားတဲ့ NLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် (၁၅) ဦး တို့နဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

လက်ရှိ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စစ်အစိုးရက ဖိအားပေးတာတွေရှိနေသလို ရုံးမတက်ဘဲ စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ လစာ ရ၊ မရ မကျိန်းသေတဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမှာကို ဝန်ထမ်းတွေက စိုးရိမ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေသအရ နိုင်ငံရဲ့အချုပ်အခြာအာဏာကို လူတစ်စုက လက်နက်အားကိုးပြီး အဓမ္မ သိမ်းပိုက်ထားချိန်မှာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်အာခံဖီဆန်တာဟာ နိုင်ငံသား အခွင့်အရေးကို တရားနည်းလမ်းကျ ခုခံကာကွယ်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တရားမဝင် အာဏာသိမ်းထားတဲ့ စစ်တပ်ခေါင်းဆောင်တွေက နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတို့အပေါ် သတ်မှတ်ပြဋ္ဌာန်းတဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာတို့ဟာ တရားဝင်မှုမရှိလို့ ပြည်သူတွေ အနေနဲ့ လက်ခံလိုက်နာစရာ လုံးဝမလိုအပ်ဘူးလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org