မြန်မာ ရေလုပ်သား ၄ သောင်းကျော် ထိုင်းကို လွှတ်မည်

မြန်မာအစိုးရက ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်ဖို့အတွက် ရေလုပ်သား လေးသောင်း နှစ်ထောင်ခန့် စေလွှတ်လိုကြောင်း ထိုင်း အလုပ်သမားရေးရာဝန်ကြီး Adul Sangsingkeo အဒူလ် ဆန်စင်းကီးယို က စနေနေ့ မနေ့က ပြောပါတယ်။

ရေလုပ်သားတစ်ဦးကို တွေ့ရစဉ် Photo: YE AUNG THU / AFP

မြန်မာအစိုးရက ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်ဖို့အတွက် ရေလုပ်သား လေးသောင်းနှစ်ထောင် ခန့် စေလွှတ်လိုကြောင်း ထိုင်း အလုပ်သမားရေးရာဝန်ကြီး Adul Sangsingkeo အဒူလ် ဆန်စင်းကီးယို က စနေနေ့ မနေ့က ပြောပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ကာ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေနဲ့ တွေ့ဆုံပြီး ဘန်ကောက်မြို့ကို ပြန်ရောက်လာတဲ့ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။ အဲဒီ မြန်မာ အလုပ်သမား တွေကို ပေးရမယ့် လုပ်ခလစာနဲ့ တခြား လူမှုအခွင့်အရေးကိစ္စတွေကို ဆက်လက်ညှိနိုင်းနေတယ်လို့ လည်း ထိုင်းဝန်ကြီးက ပြောပါတယ်။ မြန်မာအစိုးရနဲ့ စာချုပ်ပြီးရင် အလုပ်သမားတွေကို ရနောင်းမြို့မှာ ရုံးခန်းဖွင့်ပြီး လက်ခံမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းအတွက် ရေလုပ်သား ၁ သိန်းကျော် လိုအပ်တဲ့အနက် လက်ရှိမှာ ၅ သောင်းကျော်ပဲ ရှိတာကြောင့် နောက်ထပ် ၅ သောင်း လိုနေတယ်လို့လည်း ထိုင်းဝန်ကြီးကပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org