ချန်နယ်မန္တလေး သတင်းထောက်ချုပ် အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံရ

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ချန်နယ်မန္တလေး (Channel Mandalay TV) ရုပ်သံသတင်းဌာနရဲ့ သတင်း ထောက်ချုပ် ကိုဝင်းနိုင်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ဇန်နဝါရီလ ၁၁ ရက် မနေ့က စွဲချက်တင်အမိန့်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Channel Mandalay TV ရုပ်သံသတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို တွေ့ရစဥ် Photo: Channel Mandalay TV
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ချန်နယ်မန္တလေး (Channel Mandalay TV) ရုပ်သံသတင်းဌာနရဲ့ သတင်း ထောက်ချုပ် ကိုဝင်းနိုင်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ဇန်နဝါရီလ ၁၁ ရက် မနေ့က စွဲချက်တင်အမိန့်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ကိုဝင်းနိုင်ဦးဟာ ဖမ်းဆီးခံရချိန်က ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) နဲ့ပါ အမှု့ဖွင့်ခံခဲ့ရတာဖြစ်ပေမဲ့ အခုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
 
"သူက အာဏာသိမ်းပြီးတော့ စဉ့်ကိုင်က သရက်ခြံထဲမှာသွားနေနေတာ။ အဲဒီမှာ စစ်ကောင်စီက ဝင်ဖမ်းလိုက်တော့ တခြားသူတွေနဲ့အတူ သူပါဖမ်ခံလိုက်ရတာ။ အခုအမှုတွဲမှာလည်း ကိုဝင်းနိုင်ဦး အပါအဝင် လေးယောက်ကိုတွဲပြီး တရားစွဲထားတယ်"
 
ကိုဝင်းနိုင်ဦးဟာ စက်တင်ဘာလမှာ မိသားစုနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိသားစုကိုတော့ စစ်ကောင်စီက ပြန်လွတ်ပေးခဲ့ပေမဲ့ သူတို့ကို အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။
 
ချန်နယ်မန္တလေး (Channel Mandalay TV) ရုပ်သံသတင်းဌာနဟာ လယ်ယာမြေအရေးနဲ့ တရားရေး နစ်နစ်မှုတွေကို အဓိကထားဖော်ပြတဲ့ သတင်းဌာနတစ်ခုဖြစ်ပါတယ်။
 
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ သတင်းတင်ဆက်မှုတွေ ရပ်နားခဲ့ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org