ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု စာအုပ်မိတ်ဆက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကသူရေး သားတဲ့ "ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဦးဝင်းထိန်ရေးသားတဲ့ "ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" စာအုပ်မိတ်ဆက်ပွဲကို အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပနေစဉ် Photo: Aung Thain Kha/ RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က သူရေးသားတဲ့ "ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မိတ်ဆက်ပွဲကို ကျင်းပခဲ့ တာဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲကို စာရေးသူ ဦးဝင်းထိန်ဟာ နေပြည်တော်မှာ ရှိနေတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။

အနုပညာရှင် ဦးဇာဂနာက အင်းစိန်ထောင်မှာဦးဝင်းထိန်နဲ့ အတူနေခဲ့ရစဉ်က အမှတ်တရတချို့ကို စာအုပ်မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။

ဦးဇာဂနာဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုဖြစ်ခဲ့တဲ့ အချိန်က လက်ရှိ အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးဟာ ဗိုလ်ချုပ်ကြီးတင်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလို့ ဖေါ်ပြထားပါတယ်။

ဒီနေ့ မိတ်ဆက်ပွဲကို နာယက ဦးတင်ဦး၊ အငြိမ်းစား တပ်မတော် ဗိုလ်ကြီး၊ ဗိုလ်မှူးကြီးဟောင်းတွေနဲ့ ဦးဝင်းထိန် မိသားစုဝင်တွေ၊ ထောင်အတူတူ ကျခဲ့တဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဦးဝင်းထိန်အကြောင်းကို စာအုပ် ထုတ်ဝေဖို့ ကြိုးစားသွားမယ်လို့ ဦးဝင်းထိန်ရဲ့ သမီးအငယ်ဆုံးဖြစ်တဲ့ မချစ်စုဝင်းထိန်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org