ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့ အမရပူရမြို့နယ်က တောင်လေးလုံးကျောင်းတိုက်မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ကျင်းပခဲ့စဉ် Photo: Khaymani Win‎/RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဦးဝင်းတင် အထိမ်းအမှတ် အိမ်ဖွင့်ပွဲကိုပါ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဟံသာဝတီ ဦးဝင်းတင်ကို ချစ်ခင်လေးစားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အလားတူ မန္တလေးမြို့ အမရပူရမြို့နယ်က ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူထားတဲ့ တောင်လေးလုံးကျောင်းတိုက်မှာလည်း ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

မန္တလေးမြို့မှာ ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စာပေနယ်ပယ်က ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ မခေမဏီဝင်းတို့ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org