ပြည်ခိုင်ဖြိုးကိုယ်စား လှယ်လောင်း ဒေါ်ဝင်းဝင်း သီ နေပြည်တော်မှာ မဲဆွယ်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ဝင်းဝင်းသီက ဒီနေ့ သူ့မဲဆန္ဒနယ်ထဲ က ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံး ဟောပြောခဲ့ ပါတယ်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီ စက်တင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာ မဲဆွယ်နေစဉ် Photo: Win Ko Ko Latt/ RFA

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီက ဒီနေ့ သူ့မဲဆန္ဒနယ်ထဲက ဒေသခံတွေနဲ့ တွေ့ ဆုံပြီး မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။ ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံ စဉ် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ ဒေါ်ဝင်းဝင်းသီက အခုလို ပြောခဲ့ပါတယ်။

"ကျမတို့သည် ကြံ့ခိုင်ရေး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များအားလုံးသည် မဲစာရွက်ပေါ်မှာ ခြင်္သေ့တံဆိပ်နှင့်တွဲပြီး ထွက်လာတဲ့သူများသာလျှင် အတူတူဖြစ်ပြီး ကျမတို့နှစ်ယောက်ကို ကြိုက်နှစ်သက်လို့ မဲပေးတယ် ဆိုရင် ခြင်္သေ့တံဆိပ်ရဲ့နောက်မှာ တံဆိပ်တုံးထုပြီးတော့ ထောက်ခံ ဆန္ဒမဲပေးပါ၊ နောက်မှာမထုချင်ဘူး၊ အပေါ်မှာထုချင်တယ်ဆိုလည်း ထုပါ "

နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်သူ့လွှတ်တော် ၈ နေရာနဲ့ အမျိုးသား လွှတ်တော်နေရာ ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၄၃ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။ အဲဒီကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးကိုယ်စား လှယ်လောင်း ၃ ဦးပါဝင်ပြီး ပြည်ခိုင်ဖြိုးပါတီက ဒေါ်ဝင်းဝင်းသီ၊ အင်န်အယ်လ်ဒီပါတီက ဒေါ်ခင်မျိုးသွင်နဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဒေါ်စုရည်ဖြိုးအောင်တို့ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်က ဇေယျာသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်စုရည် ဖြိုးအောင်က လယ်ဝေးမြို့နယ်တို့ကနေ ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။

ဒေါ်ဝင်းဝင်းသီကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org