ဦးဝီရသူ NLD ကို ဝေဖန်

ဆရာတော် ဦးဝီရသူက ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဝေဖန်လိုက်ပါတယ်။

ဆရာတော် ဦးဝီရသူကို စက်တင်ဘာလ ၁၀ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ တွေ့ရစဉ်

ဆရာတော် ဦးဝီရသူက ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဝေဖန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူမျိုးခြားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်နေတယ်လို့ အခုလို မိန့်ကြားခဲ့ပါတယ်။

"ထောင်ကထွက်လာ၊ ဦးဇင်းတို့တွေ NLD နဲ့ ပေါင်း၊ နာမည်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပဲ သိပ်ကြိုက်၊ ဒီဘက်က အမျိုးသားရေး၊ ဒီဘက်က ဒီမိုကရေစီ ဒီနှစ်ခုနဲ့သာသွားလိုက်လို့ကတော့ မြန်မာပြည်ဟာ အာရှမှာ တိပ်တန်းပဲ၊ ပေါင်းကြည့်မှ အကြောင်းသိ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပြောသေးတယ်၊ လူမျိုးခြားတွေချည်း ရုန်းကိုင်နေတဲ့ လူမျိုးခြား ဒီမိုကရေစီအဖွဲ့ချုပ်၊ အဲ့တော့မှ တော်မှဆိုပြီးတော့ ကျုပ်တို့တတွေ ကြောခိုင်းခဲ့ပါတယ်"

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဲဒီအချိန်က ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ဘူးလို့ မိန့်ပါတယ်။

အဲဒီအချိန်ကစပြီး အရင်သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ စကား ၃ခွန်းကြောင့် ဦးသိန်းစိန်ကို ထောက်ခံခဲ့ကြောင်း မိန့်ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ကို ဘာလို့ထောက်ခံရလဲဆိုရင် ရိုဟင်ဂျာ မရှိကြောင်း၊ တတိယနိုင်ငံက လိုချင်ရင် ပေးမှာဖြစ်ကြောင်း၊ ယူမယ့်လူမရှိရင် ဒုက္ခသည်စခန်းဖွင့်ပြီး UN အကူအညီ နဲ့ ကျွေးထားမှာဖြစ်ပြီး တိုင်းပြည်ဘဏ္ဍာနဲ့ မကျွေးထားနိုင်ကြောင်း ပြောကြားခဲ့တာ ကြောင့် ထောက်ခံခဲ့တာဖြစ်တယ်လို့လည်း မိန့်ပါတယ်။

ဒီနေ့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဟောပြောပွဲကို လူထုပရိသတ် ၂ ထောင်လောက် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org