ကိုဆွေဝင်းအမှုရံုံးချိန်းမှာ တရားလိုပြသက်သေ ဦးဝီရသူ မလာ

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေအဖြစ် ဆရာတော် ဦးဝီရသူ ဒီနေ့ ရုံးချိန်းမှာလည်း လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို တွေ့ရစဉ်

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေအဖြစ် ဆရာတော် ဦးဝီရသူ ဒီနေ့ ရုံးချိန်းမှာလည်း လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဆရာတော် ဦးဝီရသူကို တရားလိုပြသက်သေအဖြစ် ထွက်ဆိုဖို့ ဒီနေ့ရုံးချိန်းဟာ ၂၄ ကြိမ်မြောက် တရားရုံးက ဆင့်ခေါ်ခဲ့တာဖြစ်ပြီး ၂၄ ကြိမ်မြောက် ပျက်ကွက်မှုလည်း ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူဟာ အရပ်ဖက်တရားရုံးမှာ အစစ်ဆေးမခံဘဲ မြို့နယ် သံဃာ့မဟာနာယကရုံးမှာသာ လာရောက်စစ်ဆေးဖို့ လျှောက်ထားခဲ့တဲ့ လျှောက်ထားချက်ကို မန္တလေးခရိုင်တရားရုံးက ပယ်ချထားပါတယ်။

ဒါကြောင့် အရပ်ဖက်တရားရုံးဖြစ်တဲ့ မူလစစ်ဆေးနေတဲ့ မဟာအောင်မြေမြို့နယ် တရားရုံးမှာပဲ ဆက်လက်စစ်ဆေးခံရမှာဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့အမူမှာ လုပ်ကြံသူတွေကို ဦးဝီရသူက ကျေးဇူးတင်စကားဆိုတာဟာ "ရဟန်းတစ်ပါးအနေနဲ့ ပါရာဇိကကံ ထိုက်တယ်" ဆိုပြီး သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ပါတဲ့ ဆောင်းပါးကို ကိုဆွေဝင်းက facebook စာမျက်နှာမှာ ပြန်ပြီး မျှဝေခဲ့တဲ့အတွက် ဦးဝီရသူရဲ့တပည့် ဦးကျော်မျိုးရွှေ က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ ခုနှစ် မတ်လက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာ လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org