ဦးဝီရသူ ဟောပြောပွဲ မြို့နယ်က ခွင့်မပြု

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ဒီကနေ့ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့ ဟောပြောပွဲကို မြို့နယ်ထံ ခွင့်ပြုချက်တောင်းခံထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ခွင့်မပြုထားကြောင်း ဘားအံမြို့နယ်အဆင့် တာဝန်ရှိသူက ပြောပါတယ်။

ဦးဝီရသူကို ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ စက်တင်ဘာလ ၁၀ ရက်နေ့ကကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ တွေ့ရစဉ်

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ဒီကနေ့ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဆရာတော် ဦးဝီရသူရဲ့ ဟောပြောပွဲကို မြို့နယ်ထံ ခွင့်ပြုချက်တောင်းခံထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ခွင့်မပြုထားကြောင်း ဘားအံ မြို့နယ်အဆင့် တာဝန်ရှိသူက ပြောပါတယ်။

ဆရာတော် ဦးဝီရသူက ဒီကနေ့ဘားအံမြို့မှာ တရားပွဲကျင်းပမယ်လို့ သိရတဲ့အတွက် RFA က မေးကြည့်ရာမှာ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အခုလို ပြောပါတယ်။

"ကျန်းမာရေး ရှုထောင့်အရပဲဖြစ်ဖြစ် သူတို့တင်ပြချက်ထဲကပဲဖြစ်ဖြစ် လိုအပ်ချက်တွေကများတဲ့အတွက် ကျနော်တို့ကတော့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ ဒါကို သဘောမတူပါဘူး။ ကျင်းပတဲ့အချိန်က လည်း နေ့လည်တစ်နာရီဖြစ်နေတော့ နေအရမ်းပူတယ်။ အများပြည်သူအတွက် ဒုက္ခရောက်မယ်။ ဒါကြောင့် ကျွန်တော်တို့က လက်ရှိအခြေအနေတွေအရရော ဥပဒေအရရော မြို့နယ် စီမံခန့်ခွဲမှုကော်မတီအနေနဲ့ သဘောမတူပါဘူးလို့ တင်ပြတဲ့လူပုဂ္ဂိုလ် ၃ ဦးကို ပြောလိုက်ပါတယ်။"

ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ဒီနေ့ နေ့လည် ၁နာရီမှာ ဟောပြောပွဲ ပြုလုပ်ဖို့ ခွင့်ပြုချက်တောင်း ခံထားတာ ဖြစ်ပါတယ်။ ဟောပြောပွဲခေါင်းစဉ်က "အကြမ်းဖက်ဘင်္ဂလီအရေး ၊ အမျိုးဘာသာ သာသနာအရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ခွင့်ပြုချက် တင်ထားတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေဟာ ဟောပြောပွဲပြုလုပ်ဖို့ မသင့်သလို ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်နေတဲ့ အချိန်လည်းဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားတာ ဖြစ်ပါ တယ်။ တကယ်လို့ တရားပွဲကို မြို့နယ်က သဘောမတူဘဲ ကျင်းပမယ်ဆိုရင် ပွဲစီစဉ်သူတွေရဲ့ တာဝန်သာဖြစ်တယ် လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ်မေးမြန်းချက်ကို  နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org