အမျိုးသားလုံခြုံရေးကို ဦးထိပ်ထားတဲ့ အစိုးရ လိုချင်တယ် (ဦးဝီရသူ)
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပ မယ့် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရဟာ အမျိုးသားလုံခြုံရေးကို ဦးထိပ် ထားတဲ့ အစိုးရဖြစ်ဖို့လိုအပ်တယ်လို့ မန္တလေးမစိုးရိမ်တိုက် သစ် ဆရာတော်အရှင်ဝီရသူ က မိန့်ကြားလိုက်ပါတယ်။
-
2015-09-16 -
-
-
Your browser doesn’t support HTML5 audio
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရဟာ အမျိုးသားလုံခြုံရေးကို ဦးထိပ်ထားတဲ့ အစိုးရဖြစ်ဖို့လိုအပ်တယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူ က မိန့်ကြားလိုက် ပါတယ်။
ဒါ့အပြင် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေနဲ့အသုံချပြီး သွေးခွဲတာတွေနဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တာကို စိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံအတွင်း သံရုံး ၉ ရုံး က ထုတ်ပြန်လိုက် တဲ့ကြေငြာချက်နဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်လျှောက်ထားရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေဟာ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေနဲ့ ညီညွှတ်မှုမရှိဘူးလို့ ဦးရှင်ဝီရသူ က မိန့်ပါတယ်။
အထွေထွေရွေးကောက်ပွဲနေ့မှာ သံဃာတော်တွေအနေနဲ့ နိုင်ငံတကာကရွေးကောက်ပွဲ လေ့လာသူတွေနည်းတူ မဲရုံတွေကိုစောင့်ကြည့် ထိန်းသိမ်းသင့်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဦးဝီရသူကို RFA သတင်းထောက် ကိုမျိုးဇော်ကို က မေးမြန်းထားတာ အပြည့်အစုံကို နားဆင်နိုင် ပါတယ်။