ဦးဝီရသူဟောကြားမှုတွေကို ဓမ္မ၊ အဓမ္မခွဲခြားပေးရေး တောင်းဆို မည်
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေ ကို ဓမ္မ၊ အဓမ္မ ခွဲခြားပေးဖို့အတွက် နိုင် ငံတော် သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်တွေကို တောင်းဆိုမယ့် လက်မှတ်ကောက်ခံရေး လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန် မြို့ တောင်ဥက္ကလာပ မြို့နယ်မှာ အဓမ္မဝါဒဆန့်ကျင်ရေးကော် မတီ နဲ့ ရွှေဝါရောင်သံဃာတွေ စုပေါင်းပြီး ပြုလုပ်နေ ပါတယ်။
-
2017-05-21 -
-
-
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေကို ဓမ္မ၊ အဓမ္မ ခွဲခြားပေးဖို့ အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်တွေကို တောင်းဆိုမယ့် လက်မှတ်ကောက်ခံရေး လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှာ အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီ နဲ့ ရွှေဝါရောင် သံဃာတွေ စုပေါင်းပြီး ပြုလုပ်နေပါတယ်။
ဆရာတော်ဦးဝီရသူရဲ့ ဟောပြော မှုတွေဟာ အဓမ္မဝါဒီဆန်တဲ့ ဟောပြောချက်တွေ ဖြစ်တဲ့အတွက် ရွှေဝါရောင် သံဃာတော်တွေ အနေနဲ့ လက်မခံနိုင်ဘူး လို့ ရွှေဝါရောင် သံဃာတော် အဖွဲ့ဝင်ဖြစ်တဲ့ ဆရာတော် ဦးဓမ္မသာရက မိန့်ပါတယ်။
"ရွှေဝါရောင် သံဃာတော်များအနေနဲ့ကတော့ ဗုဒ္ဓရဲ့ဟောကြားတဲ့ ဆုံးမတဲ့အတိုင်း ဦးဇင်းတို့ သွားနေတဲ့ ဘုန်းကြီးတွေအတွက် ဦးဇင်းတို့က ဦးဝီရသူရဲ့ အဓ္ဓမဝါဒီဆန်တဲ့ ဟောပြောချက်တွေကို လက်မခံချင်ပါဘူး၊ အဓိကတော့ အဓ္ဓမဝါဒီကို ဆန့်ကျင်ချင်တဲ့ ဓမ္မဝါဒကိုလက်ခံတယ်၊ ဒကာ ဒကာမတွေကို လက်မှတ်ထိုးတဲ့ ပွဲလေးတွေဖြစ်အောင် ဦးဇင်းတို့က ဒီနေ့မှစပြီးလုပ်တာပေါ့"
ရွှေဝါရောင် သံဃာတော်တွေအနေနဲ့ အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီမှာ နာယကအဖြစ် ပါဝင်ဆောင်ရွက် ပြီး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပါဝင် အားဖြည့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ တောင်ဥက္ကလာပမြို့နယ်မှာ လက်မှတ်ကောက်ခံရာမှာ ပြည်သူ ၄၀၀ နီးပါးပါဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး ရန်ကုန်တစ်တိုင်းလုံးက အခြားမြို့နယ်တွေ မှာလည်း တစ်လအတွင်း လက်မှတ်ကောက်ခံမှု ဆက်လုပ်သွားမယ်လို့ အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီက ပြောပါတယ်။
အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သံဃာ့မဟာနာယက အဖွဲ့က တရားဟောခွင့်ပိတ်ထားပေမယ့် တရားပွဲမှာ ပလ္လင်ပေါ်တက်ပြီး အရင်ကဟောကြားခဲ့တဲ့ တရားခွေကို ဖွင့်ခဲ့တဲ့ဆရာတော် ဆရာတော်ဦးဝီရသူကို အရေးယူပေးဖို့ စာတင်ခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။