အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု ရင်ဆိုင်နေရ

မန္တလေးတိုင်းအတွင်းမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု အများဆုံးကြုံတွေ့နေရတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဒီနေ့ ပြောပါတယ်။

အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှု သရုပ်ဖော်ပုံကိုတွေ့ရစဉ် Photo: https://wmn.hu

မန္တလေးတိုင်းအတွင်းမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု အများဆုံးကြုံတွေ့နေရတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ပြည်ကြီးတံခွန်မြို့နယ်မှာကျင်းပတဲ့ မန္တလေးတိုင်းအတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်များ လုံခြုံစွာ သွားလာ ရှင်သန်နေထိုင်နိုင်ရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လုံခြုံရေးလိုအပ်ချက်တွေကို လူငယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတေ့ွဆုံပွဲမှာ အမျိုးသမီးများအရေးလှုပ်ရှားနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Flag Youth အဖွဲ့က Coordinator မအိဇင်မာမိုးနိုင်က ပြောပါတယ်။

"အများစုကတော့ အိမ်တွင်းအကြမ်းဖက်မှုက ပိုပြီးတော့များတယ်၊ အမျိုးသမီးတွေအနေနဲ့ အပြင်သွား မယ်ဆိုရင် မလုံခြုံဘူး၊ အခုနောက်ပိုင်းဖြစ်လာတဲ့ဟာတွေဆိုရင် ညဘက် တော်တော်ဆိုးတယ်ပေါ့နော်၊ အပြင်ထွက်မယ်ဆို ထွက်လိုမရတဲ့အနေထားတွေပေ့ါနော်၊ အမျိုးသမီးတွေဆို ပိုပြီးဆိုးလာတယ်"

တွေ့ဆုံပွဲကို Action aid အဖွဲ့က ဦးစီးကျင်းပတာဖြစ်ပြီး အမျိုးသမီးအရေးလှုပ်ရှားမှုအဖြစ် ပြည်ကြီးတံခွန်မြို့နယ်ကို ပရောဂျက်ဧရိယာသတ်မှတ်ကာ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

တစ်နှစ်အတွင်း အိမ်တွင်းအကြမ်းဖက်မှုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ Actionaid အဖွဲ့ထံကနေ သိရပါ တယ်။ ရောက်ရှိလာတဲ့အမှုတွေကို သက်ဆိုင်ရာတရားရုံးတွေ၊ ရဲစခန်းတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ NGO၊ INGO နဲ့ CSO တွေထံ ပြန်လည်လွှဲပြောင်းပေးနေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org